CDM News

CDM News

မန္တလေးမြို့၊ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း အမှတ် ၉၁၀ မှ တပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းနှင့် အတူ အလင်းဝင်၊ ဆုငွေ ကျပ် သိန်း ၈၀ ကျော် ချီးမြှင့်

 

D Day News

ဇူလိုင်လ ၁

 

မန္တလေးတိုင်း၊ အောင်မြေသာဇံမြို့နယ်၊ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း အမှတ် ၉၁၀ တပ်မှ တပ် ကြပ်တစ်ဦး လက်နက်ခဲယမ်းနှင့်တကွ အလင်းဝင်ရောက်လာပြီး ငွေကျပ် သိန်း ၈၀ ကျော် ဆုချီးမြှင့် ပေးမည်ဖြစ်ကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း ၂၀ Yoma Yar Zar PDF တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဇွန်လ ၃၀ ရက်နေ့က မတ္တရာမြို့နယ်၊ သုံးဆယ်ပေးရွာတွင် တာဝန်ကျနေသော စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း အမှတ် ၉၁၀ မှ တပ်ကြပ်တစ်ဦးသည် MA 1 အမျိုးအစား သေနတ် ၁ လက်၊ ကျည် ၂၃၉ တောင့်နှင့်အတူ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် အမှတ် ၂၀ တပ်ရင်း Yoma Yar Zar တပ်ဖွဲ့ထံသို့ ခိုလှုံဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

“ကျနော်တို့တပ်ရင်းမှာရှိတဲ့ သူ့ရဲ့ညီနဲ့ ချိတ်ဆက်ဝင်လာတာ။ ဆုငွေကတော့ အခုလောလောဆယ် သတ်မှတ်ထားတာက NUG က ပေးတာရယ်၊ ကျနော်တို့တပ်ရင်းကရယ်၊ သိန်း ၈၀ တော့ပေးမယ့် ပေါ့၊ အလှူရှင်ကိုလည်းတင်ထားသေးတယ်၊ ဘယ်လောက်ပေးမလဲတော့ မသိသေးဘူး၊ အားလုံး ဆိုရင် သိန်း ၈၀ ကျော်မှာပေါ့၊ နောက်ထပ်အလင်းဝင်လာမယ့်သူတွေကိုလည်း ကျနော်တို့ဘက်က ထောက်ပံ့ပေးနိုင်တာနဲ့ နွေးနွေးထွေးထွေးနဲ့ လက်ကမ်းကြိုဆိုနေပါတယ်” ဟု ယင်းမာပင်ခရိုင် တပ်ရင်း ၂၀ Yoma Yar Zar PDF တပ်ဖွဲ့မှ တာဝန်ရှိ သူ တစ်ဦးက ပြောကြားသည်။

 

အလင်းဝင်ရောက်လာသူတပ်ကြပ်ကို တပ်ရင်းမှူးနှင့် ရဲဘော်များ၊ ပြည်သူများက နွေးထွေးစွာကြိုဆို ခဲ့ပြီး လုံခြုံသည့် နေရာသို့ ပို့ဆောင်ထားကြောင်း၊ ပြည်သူ့ရင်ခွင်ခိုလှုံရန် ပြီးခဲ့သည့် မေလ ၁၅ ရက် နေ့ကတည်းက ဆက်သွယ်ကာ ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီကျေးရွာနှင့် ဇရပ်ကွင်းကျေးရွာကို စစ်တပ်ကလေကြောင်း၊ လက်နက် ကြီးဖြင့် တိုက်ခိုက်မှု ပြည်သူ ၅ ဦး သေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရ

သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီကျေးရွာနှင့် ဇရပ်ကွင်းကျေးရွာကို စစ်တပ်ကလေကြောင်း၊ လက်နက် ကြီးဖြင့် တိုက်ခိုက်မှု ပြည်သူ ၅ ဦး သေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၁ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီးကျေးရွာနှင့် ဇရပ်ကွင်းကျေးရွာတို့ကို အကြမ်းဖက်စစ် ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦး သေဆုံးပြီး ၄ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ထံမှ သိရသည်။ ယနေ့ စက်တင်ဘာလ...