Dawei News

Dawei News

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲနေသော စစ်သားများကို ၂ ရက် ဆက်တိုက် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

 

D Day News

ဇွန်လ ၃၀

 

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲနေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ၂ ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးခဲ့ ကြောင်း ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – YPPDF တပ်ဖွဲ့ထံမှ သိရသည်။

 

ဇွန်လ ၂၇ ရက် ညနေ ၄ နာရီအချိန်တွင် ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအတွင်း အင် အား ၁၀၀ ဝန်းကျင်ဖြင့် ယာယီစခန်းချတပ်စွဲနေသော အကြမ်းဖက်စစ်သားများကို သွားရောက်ပစ် ခတ်တိုက်ခိုက်ခဲ့ရာ အပြန်လှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

 

ထိုနောက် ဇွန်လ ၂၈ ရက် ညနေ ၃ နာရီ ဝန်းကျင်ခန့်တွင် မောင်မယ်ရှောင်ကျေးရွာအတွင်း ယာယီ စခန်းချနေထိုင်သည့် ပြည်သူ့နေအိမ်အနီးသို့ အနီးကပ်သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန် အ လှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား ၅ ဦးထက်မနည်း သေဆုံးကာ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“မောင်မယ်ရှောင်ရွာထဲမှာ စခတွေမရှိတော့ပါဘူး၊ ၂၈ ရက်နေ့ ညနေမှာပဲ ပြန်ထွက်သွားကြပါတယ်။ စကစတွေက တနေရာတည်းက လာတာမဟုတ်တော့ အနီးအနားတပ်ရင်းတွေကို ပြန်ဆုတ်သွား တယ်လို့ သတင်းကြားမိပါတယ်။ စခသေ ထိခိုက်နောက်ဆက်တွဲ ထပ်တိုးသေတာမျိုး တော့ မကြား မိပါဘူး၊ ကျနော်တို့ ရဲဘော်တွေ အားလုံးဘေးကင်းကြပါတယ်။” ဟု ရေဖြူမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ – YPPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ရေဖြူပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့-YPPDFနှင့် ဓဝယ်အမျိုးသားလွတ်မြောက် ရေးတပ်တော် – DNLA တပ်ခွဲ ၁ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဆင်ရေးများအား အရှိန်အဟုန် တိုးမြင့်စွာ ဆောင်ရွက်နေသည့် အချိန် ဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့် စစ်ရေးအထူး အသိ၊ သတိပြု သွားလာနေထိုင် ပေးကြပါရန် တိုက်တွန်း ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ပုလောမြို့နယ် ၊ ထမင်းမစားကျေးရွာသို့ ပြန်လည်ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက် ခိုက်မှုစစ်သား၊ ပျူ ၁၅ ဦးသေဆုံး

ပုလောမြို့နယ် ၊ ထမင်းမစားကျေးရွာသို့ ပြန်လည်ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက် ခိုက်မှုစစ်သား၊ ပျူ ၁၅ ဦးသေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၁ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာသို့ ပြန်လည် စစ်ကြောင်းထိုးဝင်ရောက်လာ သော အကြမ်းဖက်စစ်သား၊ ပျူများကို တိုက်ခိုက်ခဲ့ရာ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။ စက်တင်ဘာလ ၉ ရက်နေ့က ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာတပ်စခန်းကို ပြန်လည် ထိန်းချုပ် နိုင်ရေး...