Laung Lone PDF

Laung Lone PDF

လောင်းလုံးမြို့နယ်၊ မောင်းမကန်နယ်မြေ ရဲစခန်းအတွင်း၌ သောက်စားမူးရူးနေသော စစ်သားများကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

 

D Day News

မတ်လ ၃၀

 

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်နယ်မြေ ရဲစခန်းအတွင်း သောက်စားမူးရူးနေသော အကြမ်းဖက် စစ်သားများကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံး ခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -LLPDF ထံမှ သိရသည်။

 

မတ်လ ၂၇ ရက်နေ့ ည ၁၂ နာရီခန့်တွင် ဖက်ဆစ် တော်လှန်ရေးနေ့ အထိမ်းအမှတ်နေ့အဖြစ် မောင်း မကန် ရဲစခန်းအတွင်း၌ အရက်သေစာ သောက်စား မူးယစ်နေသော အကြမ်းဖက် စစ်ကောင်စီ တပ် သားများကို လောင်းလုံး (ပကဖ) ရွှေသောင်ယံတပ်စုက ၄၀ မမ ဗုံးပစ် လောင်ချာဖြင့် ပစ်ခတ် တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ပစ်ခတ် တိုက်ခိုက်မှုအတွင်း ဗုံးသီး ၂ လုံးသည် ရဲစခန်းထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး အကြမ်း ဖက် စစ်ကောင်စီ တပ်သား ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိကာ ဆေးရုံပို့ဆောင်ပြီး ကုသခွင့် မပေးဘဲ စခန်းအတွင်း လျှို့ဝှက်ဖုံးကွယ်ထားသဖြင့် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

 

ယနေ့ မတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် သေဆုံးသွားသော အကြမ်းဖက်စစ်ကောင်စီ တပ်သား အ လောင်း ၃ လောင်းကို တာလပတ်များဖြင့်အုပ်၍ လာရောက် သယ်ဆောင်သွားကြောင်း လောင်းလုံး မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -LLPDF တပ်ဖွဲ့ထံမှ သိရသည်။

 

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကျောက်မဲမြို့ကို စစ်အုပ်ထံ ပြန်ပေးလိုက်ရသည့်အတွက် ကျောက်မဲ PDF တောင်းပန်

ကျောက်မဲမြို့ကို စစ်အုပ်ထံ ပြန်ပေးလိုက်ရသည့်အတွက် ကျောက်မဲ PDF တောင်းပန်

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၅ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို အကြမ်းဖက်စစ်အုပ်ထံ ပြန်ပေးလိုက်ရသည့်အတွက် မိဘပြည်သူများကို တောင်းပန်ပါကြောင်း ကျောက်မဲ PDF တပ်ဖွဲ့က ယမန်နေ့ အောက်တိုဘာလ ၄ ရက်နေ့က ထုတ်ပြန်ထားသည်။ ကျောက်မဲမြို့သူမြို့သား မိဘပြည်သူများကို ကျောက်မဲမြို့အား အကြမ်းဖက် စစ်အုပ်စုလက်ထဲသို့ ပြန်ပေးလိုက်ရသည့်အတွက် ဦးစွာ တောင်းပန်အပ်ပါကြောင်း၊...