Phekhon News

Phekhon News

လွိုင်ကော် -မိုးဗြဲလမ်းပိုင်းတစ်နေရာတွင် တိုက်ပွဲဖြစ်ပြီး စစ်သားများထိခိုက်သေဆုံးမှုရှိကာ စစ်တပ် ဒရုန်းတစ်စီးကို ပစ်ချ (ရုပ်သံ)

 

D Day News

ဇွန်လ ၃၀

 

ကရင်နီပြည်နယ်၊ ဖယ်ခုံမြို့နယ် ၊ လွိုင်ကော် – မိုးဗြဲလမ်းပိုင်းတနေရာတွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး စစ်တပ် ဒရုန်းတစ်စီးကို ပစ်ချနိုင်ခဲ့ ကြောင်း ဖယ်ခုံ PDF ၁၀၀၆ တပ်ရင်းထံမှ သိရသည်။

 

ဇွန်လ ၁၀ ရက်နေ့က ကယားပြည်နယ်နှင့် ရှမ်းကယားနယ်စပ်တွင် စစ်ကြောင်းထိုးလှုပ်ရှားနေသော အကြမ်းဖက်စစ်သားများကို လွိုင်ကော် – မိုးဗြဲလမ်းပိုင်းတနေရာတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး စစ်ကောင်စီတပ်မှ ဒရုန်းတစ် စီးကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပစ်ချနိုင်ခဲ့ကြောင်း သိရသည်။

https://youtu.be/OaMn3HmvqDY

“မြေပြင်တိုက်ပွဲတွေက အခုထိလည်း ဖြစ်နေတုန်းပဲ။ မငြိမ်သေးဘူး၊ စစ်တပ်ဘက်က ဒရုန်းတွေနဲ့ တိုက်ခိုက်တာမျိုးတွေ တောက်လျှောက်လုပ်နေတာ။ ဇွန်လ ၁၀ ရက်နေ့က လွိုင်ကော် – မိုးဗြဲလမ်း ပိုင်း တိုက်ပွဲမှာတော့ စစ်တပ်ကဘက် ဒရုန်းတစ်စီးကို ပစ်ချနိုင်ခဲ့တယ်၊ စစ်သားတွေလည်း ထိခိုက် သေဆုံးမှုတွေရှိခဲ့ပါတယ်” ဟု ဖယ်ခုံ PDF ၁၀၀၆ တပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်သို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ် သား ၇ ဦးသေဆုံး၊ စစ်သားနှင့် အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါအဝင် ၇ ဦး အရှင်မိ (ရုပ်သံ)

ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်သို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ် သား ၇ ဦးသေဆုံး၊ စစ်သားနှင့် အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါအဝင် ၇ ဦး အရှင်မိ (ရုပ်သံ)

သံလွင်မြန်သတင်း စက်တင်ဘာလ ၁၁ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်သို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး‌ သေဆုံးပြီး စစ်သားနှင့် အိန္ဒိယနိုင်ငံသား ကသည်း သူပုန်အပါအဝင် ၇ ဦး ဖမ်းဆီးရရှိ ခဲ့ကြောင်း အမှတ် ၁ စစ်ဒေသက...