Sipaw News

Sipaw News

သီပေါမြို့ကို တော်လှန်ရေးတပ်ဖွဲ့များဝိုင်းထားပြီး စစ်ကောင်စီတပ်သားများက မြို့နေပြည်သူများကို လူသားဒိုင်းကာအဖြစ်အသုံးပြုရန် ထွက်ခွင့်မပေးပဲ ဆို့ထား

 

D Day News

ဇွန်လ ၃၀

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါ်မြို့ကို တော်လှန်ရေးတပ်ဖွဲ့များ ဝိုင်းထားပြီး စစ်ကောင်စီတပ်က မြို့နေပြည်သူများကို လူသားဒိုင်းကာအဖြစ်အသုံးပြုရန် ထွက်ခွင့်မပေးပဲ ပိတ်ဆို့ထားကြောင်း ဒေသ နေပြည်သူများထံမှ သိရသည်။

 

၁၀၂၇ စစ်ဆင်ရေး မစတင်မီကလည်းက မြို့အဝင်၊ အထွက်လမ်းများကို အကြမ်းဖက်စစ်ကောင်စီ တပ်က ဘူဒိုဇာဖြင့် ဖျက်ဆီးကာ ရေလမ်းကြောင်းတစ်ခုသာဖွင့်ပေးထားခဲ့ကြောင်း၊ ၁၀၂၇ စစ်ဆင် ရေးစတင်ခဲ့သည့် ဇွန်လ ၂၅ ရက်နေ့မှစတင်၍ မြို့နေပြည်သူများမှာ ရေလမ်းကြောင်းမှ ထွက်ပြေး တိမ်းရှောင်နေကြရပြီး ဇွန်လ ၂၉ ရက်နေ့မှစ၍ အဆိုပါရေလမ်းကို သီပေါမြို့ရဲစခန်းမှ ရဲများစောင့် ကာ ထွက်ခွင့်မပေးတော့ ပိတ်ဆို့ထား မြို့နေပြည်သူများကို လူသားဒိုင်းကာအဖြစ် အသုံးပြုနေ ကြောင်း သိရသည်။

“အရင်ရက်တွေကတော့ စက်လှေနဲ့‌ ပေးလို့ရတဲ့သူတွေက ပြေးလို့ရသေးတယ်၊ ဒီနေ့ကျတော့ စက်လှေဆိပ်တွေကို ရဲတွေလာစောင့်ပြီး ပိတ်ထားတာ။ သီပေါ်မြို့နဲ့ ပတ်ပတ်လည်ရွာတွေကိုတော့ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်တယ်၊ သီပေါမြို့ပတ်ပတ်လည် ၃ မိုင် ၄ မိုင်လောက်အထိ တိုက်ပွဲ တွေဖြစ်နေတာရှိတယ်၊ သီပေါမြို့ထဲမှာတော့ တိုက်ပွဲမဖြစ်သေးဘူး၊ တစ်မြို့လုံးနီးပါးလို ပိတ်မိနေ တယ်လို့ ပြောရမယ်။ လူဦးရေတော့ ခန်းမှန်းမပြောတတ်ဘူး။ အခုကဘယ်မှ ထွက်မရတာ တစ်မြို့ လုံး ပဲ” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။

 

သီပေါမြို့တွင် အထွက်လမ်း ၃ လမ်းရှိပြီး လမ်းတစ်ခုကို တိုက်ပွဲမဖြစ်ခင် ၁၀ ခန့်က ဘတ်ဟိုးဖြင့် တူးကာ ပိတ်ပစ်လိုက်ကြောင်း၊ ကျင်းသီတံတားဘက် အထွက်လမ်းနှင့် အခြားလမ်းတစ်ခုကို စစ် ကောင်စီတပ်သားများက ပိတ်ဆို့ထားကာ သီပေါမြို့ပတ်ပတ်လည်တွင်လည်း တော်လှန်ရေးတပ်ဖွဲ့ များက ဝိုင်းပတ်ပိတ်ဆို့ထားထားကြောင်း သိရသည်။

 

“ကုန်းလမ်းတွေက အကုန်ပိတ်လိုက်တဲ့အခါကျတော့ ပြည်သူတွေထွက်စရာလမ်းက စက်လှေလမ်း တစ်လမ်းပဲရှိတော့တာ။ အဲဒီစက်လှေလမ်းကိုလည်း ဒီနေ့ပိတ်လိုက်တယ်။ သီပေါရဲစခန်းက ရဲတွေ လာစောင့်ပြီးပိတ်ထားတာ။ တပ်ထဲကနေ လက်နက်ကြီးတွေနဲ့ထုနေတာရှိတယ်၊ မြို့ပတ်ပတ်လည် မှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေက ပိတ်ဆို့ထားတယ်” ဟု သီပေါမြို့နေပြည်သူတစ်ဦးက ပြောဆိုသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီကျေးရွာနှင့် ဇရပ်ကွင်းကျေးရွာကို စစ်တပ်ကလေကြောင်း၊ လက်နက် ကြီးဖြင့် တိုက်ခိုက်မှု ပြည်သူ ၅ ဦး သေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရ

သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီကျေးရွာနှင့် ဇရပ်ကွင်းကျေးရွာကို စစ်တပ်ကလေကြောင်း၊ လက်နက် ကြီးဖြင့် တိုက်ခိုက်မှု ပြည်သူ ၅ ဦး သေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၁ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီးကျေးရွာနှင့် ဇရပ်ကွင်းကျေးရွာတို့ကို အကြမ်းဖက်စစ် ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦး သေဆုံးပြီး ၄ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ထံမှ သိရသည်။ ယနေ့ စက်တင်ဘာလ...