Kyauk Me News

Kyauk Me News

ကျောက်မဲမြို့နှင့် အနီးနားပြည်သူများ ဘုန်းကြီးကျောင်းများတွင် စစ်ဘေးရှောင်နေရပြီး စား၊ ဝတ်၊ နေရေး အခက်အခဲဖြစ်ပေါ်နေ

 

D Day News

ဇွန်လ ၃၀

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် ပြည်သူအများအပြား စစ်ဘေးရှောင်နေရပြီး စား၊ ဝတ်၊ နေရေး အခက်အခဲဖြစ်ပေါ်နေကြောင်း စစ်ဘေးရှောင်ပြည်သူများကို ကူညီပေးနေသူများထံမှ သိရ သည်။

 

ဇွန်လ ၂၅ ရက်နေ့မှ စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း ကျောက်မဲမြို့တွင် ယနေ့ အချိန်အထိ အကြမ်းဖက်စစ်တပ်က ဗုံးကျဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း တို့လုပ်ဆောင်လျက်ရှိရာ ကျောက်မဲမြို့နှင့်အနီးပတ်ဝန်းကျင်ရှိ ဘုန်းကြီးကျောင်းများတွင် ပြည်သူ များ စစ်ဘေးရှောင်နေကြရပြီး အရေးပေါ် စားဝတ်နေရေး အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း သိရ သည်။

“အခု လူဦးရေက သုံးရာ လေးရာနီးပါးရှိပြီ။ စားဝတ်နေရေးအခက်အခဲပေါ့၊ စားဖို့နဲ့အိပ်ဖို့နေရာပဲ စီ စဉ် ပေးထားနိုင်တယ်၊ ဆန်တို့ဆီတို့ကတော့ ကျောင်းမှာရှိတာတွေ ထုတ်လှူပေးထားတယ်၊ စစ်ဘေး ရှောင်တွေကတော့ မြို့ထဲကရော ၊အပြင်ကရောပဲရောက်လာကြတာ၊ တိုက်ပွဲတွေကတော့ ဖြစ်နေ တယ်၊ နေ့လည်ပိုင်းလည်းဖြစ်တယ်၊ ညပိုင်းလည်းဖြစ်တယ်၊ မနက်ပိုင်း ၈ နာရီလောက်အထိ တော့ ပစ္စည်းတွေဘာတွေမြို့ထဲကို သွားဝယ်လို့ရတယ်၊ လေယာဉ်နဲ့ကလည်း နေ့လည်ပိုင်းလည်း ဗုံး လာ ကျဲတယ်၊ ညပိုင်းလည်း ဗုံးလာကျဲတာတွေရှိတယ်၊ အဲလိုဆိုတော့ စစ်ဘေးရှောင်နေရသူတွေက များ တယ်” ဟု စစ်ဘေးရှောင်ပြည်သူများကို ကူညီပေးနေသည့် ဆရာတော် တစ်ပါးက ပြောကြားသည်။

 

ကျောက်မဲမြို့၊ နားပြိန်ဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်ပြည်သူ ၁၀၀၀ နီးပါး၊ ခုံအုံဘုန်းကြီး ကျောင်းတွင် ကိုရင်အပါး ၇၀ ခန့်အပါအဝင် ပြည်သူ ၄၀၀ ကျော်၊ ကျောက်မဲကန်ဘုန်းကြီးကျောင်း တွင် စစ်ဘေးရှောင်ပြည်သူ ၁၀၀ ကျော်၊ ကျောက်မဲမြို့နယ် ချောင်းချောက်ကျောင်းတိုက်၌ စစ်ဘေး ရှောင်ပြည်သူ ၄၀၀ ကျော်နှင့် နီးစပ်ရာဆွေးမျိုးများအိမ်တွင် တိမ်းရှောင်နေရကြသူများလည်းရှိပြီး အရေးပေါ် စောင်၊ ခြင်ထောင်၊ အဝတ်အစား၊ အစားအသောက်တို့ လိုအပ်လျက်ရှိကြောင်း သိရ သည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုကို ဘဏ္ဍာငွေ ပံ့ပိုးခဲ့သည့် KBZ ကုမ္ပဏီနှင့် Max ကုမ္ပဏီတို့ကို အရေးယူပေးရန် JFM တိုက်တွန်း

ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုကို ဘဏ္ဍာငွေ ပံ့ပိုးခဲ့သည့် KBZ ကုမ္ပဏီနှင့် Max ကုမ္ပဏီတို့ကို အရေးယူပေးရန် JFM တိုက်တွန်း

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၅ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း၌ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုကို ဘဏ္ဍငွေကြေး ပံ့ပိုးကူညီခဲ့သည့် KBZ ကုမ္ပဏီနှင့် Max ကုမ္ပဏီတို့ကို အရေးယူပေးပါရန် Justice For Myanmar – JFM က တိုက်တွန်း ထားသည်။ ယနေ့ ဩဂုတ်လ ၂၅ ရက်နေ့တွင်...