MNDAA News

MNDAA News

အကြမ်းဖက်စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်လာသဖြင့် တိုက်ပွဲဖြစ်ပြီး MNDAA တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးခဲ့ရ၊ ဟိုင်ဂင်သဘောတူညီချက်ကို စစ်ကောင်စီက ချိုးဖောက်မှုကြောင့် ရှမ်းမြောက်တွင် တိုက်ပွဲပိုမိုပြင်းထန်လာနိုင်

 

D Day News

ဇွန်လ ၃၀

 

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လာရှိုးမြို့မြောက်ဘက်၊ နမ့်ဖူးယိုင်ရှိ MNDAA တပ်ဖွဲ့နယ်မြေကို အကြမ်း ဖက်စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်လာသဖြင့် တိုက်ပွဲဖြစ်ပြီး MNDAA မဟာမိတ် တပ်ဖွဲ့ ဝင် ၂ ဦးကျဆုံးခဲ့ရကြောင်း The Kokang က သတင်းထုတ်ပြန်သည်။

 

ယမန်နေ့ ဇွန်လ ၂၉ ရက် နံနက် ၈ နာရီခန့်က လားရှိုးမြို့မြောက်ဘက်၊ နမ့်ဖူးယိုင်ရျိ MNDAA မဟာ မိတ် တပ်များ ကာကွယ်ရေး နယ်မြေကို မင်းအောင်လှိုင်၏ အကြမ်းဖက်တပ်ရင်း ၅၇၉ မှ ထိုးစစ်ကာ တိုက်ခိုက်လာသဖြင့် MNDAA ရှေ့တန်း ရဲဘော် ၂ ဦးကျဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ကြောင့် MNDAA တပ်ဖွဲ့ဝင်များက ခုခံကာကွယ်ရန် ပြန်လည်ပစ်ခတ်ရာက တိုက်ပွဲ စတင်ခဲ့ကြောင်း သိရ သည်။

ထို့နောက် နံနက် ၁၀ မိနစ် ၃၀ အချိန်တွင် ထိုးစစ်ဆင်တိုက်ခိုက်လာသော အကြမ်းဖက်စစ်ခေါင်း ဆောင် မင်းအောင်လှိုင်၏ တပ်များကို MNDAA တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

 

ထိုသို့ ဆုတ်ခွာသွားပြီးနောက် လားရှိုးမြို့၊ ဟိုပိတ် ၁၃ မိုင်မှ MNDAA နယ်မြေထဲသို့ အမြောက်ကျည် မျိုးစုံပစ်ခတ်ခဲ့သည့်အပြင် ဇွန်လ ၂၉ ရက် ည ၈ နာရီ ၃၄ မိနစ်အချိန်အထိ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

 

လက်ရှိအချိန်တွင် အကြမ်းဖက်မင်းအောင်လှိုင်သည် MNDAA ၊ တအာင်းတပ်မတော်နှင့် ရခိုင့်တပ် တော် နှင့်အတူ ရရှိထားသည့် “ဟိုင်ဂင်သဘောတူညီချက်”ကို ချိုးဖောက်ပြီး MNDAA တပ်ဖွဲ့ကို ထပ်မံ တိုက်ခိုက်လာသည့် အပြင် ဇွန်လ ၁၈ ရက်နေ့ကလည်း တအာင်းတပ်မတော်၏ ခံစစ်နယ်မြေ ကို ဗုံးကြဲတိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ ဆက်လုပ်ဆောင်ခဲ့ကြောင်း The Kokang ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်များသည် နှစ်ဖက်စလုံး၏ အပစ်အခတ်ရပ်စဲရေး တောင်းဆို ချက်များကို လျစ်လျူရှုထားခြင်းကြောင့် မြန်မာနိုင်ငံရှိ ရှမ်းမြောက်ဒေသပိုင်းတွင် တိုက်ပွဲများ ပိုမို ပြင်းထန်လာနိုင်ကြောင်း MNDAA က အသိပေးထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ပုလောမြို့နယ် ၊ ထမင်းမစားကျေးရွာသို့ ပြန်လည်ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက် ခိုက်မှုစစ်သား၊ ပျူ ၁၅ ဦးသေဆုံး

ပုလောမြို့နယ် ၊ ထမင်းမစားကျေးရွာသို့ ပြန်လည်ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက် ခိုက်မှုစစ်သား၊ ပျူ ၁၅ ဦးသေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၁ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာသို့ ပြန်လည် စစ်ကြောင်းထိုးဝင်ရောက်လာ သော အကြမ်းဖက်စစ်သား၊ ပျူများကို တိုက်ခိုက်ခဲ့ရာ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။ စက်တင်ဘာလ ၉ ရက်နေ့က ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာတပ်စခန်းကို ပြန်လည် ထိန်းချုပ် နိုင်ရေး...