Mindon News

Mindon News

မင်းတုန်းမြို့နယ်၊ မယ်ဇလီကျေးရွာအနီးတွင် စစ်တပ်ဖောကားတစ်စီးကို တိုက်ခိုက်မှု ဗိုလ်တစ်ဦး အပါအဝင် ၃ ဦးသေဆုံး

 

D Day News

ဇွန်လ ၂၉

 

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ မယ်ဇလီကျေးရွာအနီးတွင် အကြမ်းဖက်စစ်သားများ လိုက်ပါလာ သည့် ဖောကားတစ်စီးကို စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဗိုလ် ၁ ဦးအပါအဝင် ၃ ဦးသေဆုံးခဲ့ ကြောင်း သရက်ခရိုင်အမှတ် ၄ တပ်ရင်းထံမှ သိရသည်။

 

ဇွန်လ ၂၇ ရက် နံနက် ၈ နာရီ ၃၀ မိနစ်အချိန်ခန့်က မင်းတုန်းမြို့မှ အကြမ်းဖက်စစ်သား၊ ရဲ ၂၅ ဦးခန့် လိုက်ပါလာသည့် ဖောကား အပြာရောင်တစ်စီးကို မင်းတုန်းမြို့အထွက် မယ်ဇလီကျေးရွာအနီးတွင် အသင့်စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကားပေါ်ပါ စစ်ဗိုလ်တစ်ဦး၊ ရဲ ၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူများကို သရက်မြို့နယ် ဆေးရုံနှင့် ကံမမြို့နယ်၊ကြို့ပင်ဆေးရုံတို့၌ တင်ပို့ကုသထားကြောင်း သိရသည်။

“မင်းတုန်း ၅ မိုင်စစ်ဆေးရေးဂိတ်ကနေထွက်လာတဲ့ဖောကားအပြာရောင်ကို တိုက်ခိုက်ခဲ့တာ၊ သူတို့ ကမယ်ဇလီဘက်ကို သွားတာ၊ မယ်ဇလီရွာဆိုတာ ပုသိမ် -မုံရွာလမ်းပိုင်းပေါ်မှာရှိတယ်၊ အဲဒီကို သွား တာ၊ ကျနော်တို့က မယ်ဇလီရွာနားမရောက်ဖြတ်တိုက်ခိုက်တာ။ တိုက်ပွဲဖြစ်ပြီးတော့ မယ်ဇလီရွာကို ရောက်သွားတယ်၊ စစ်ဆင်ရေးမှာလည်း ကျနော်တို့လိုချင်သလောက်မဖြစ်ခဲ့ဘူး။ ပုသိမ် -မုံရွာလမ်း ပိုင်းပေါ်မှာဆိုတော့ ကျနော်တို့လည်း အခြေအနေအရ ပြန်ဆုတ်ခဲ့ရတာအနေအထားဖြစ်သွားတာ။ မယ်ဇလီရွာမှာ စခတွေအမြဲတမ်းမရှိဘူး၊ အဲဒီရွာအကျော် ဝမ်းတွင်းမှာတော့ ဂိတ်ရှိတယ်၊ အဲဒီဂိတ် မှာတော့ အမြဲတမ်းရှိတာပေါ့။ ရဲနှစ်ယောက်နဲ့ စခ တစ်ယောက်သေတယ်လို့ သိရတယ်” ဟု သရက် ခရိုင်အမှတ် ၄ တပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် -၁ စစ်ဒေသ မကွေးတိုင်း၊ သရက် ခရိုင်အမှတ်-၄ တပ်ရင်းနှင့် ကျောင်းသားလက်ရုံးတပ်တော် – SAF တို့ ပူးပေါင်းစစ်ကြောင်းမှ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ပုလောမြို့နယ် ၊ ထမင်းမစားကျေးရွာသို့ ပြန်လည်ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက် ခိုက်မှုစစ်သား၊ ပျူ ၁၅ ဦးသေဆုံး

ပုလောမြို့နယ် ၊ ထမင်းမစားကျေးရွာသို့ ပြန်လည်ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက် ခိုက်မှုစစ်သား၊ ပျူ ၁၅ ဦးသေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၁ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာသို့ ပြန်လည် စစ်ကြောင်းထိုးဝင်ရောက်လာ သော အကြမ်းဖက်စစ်သား၊ ပျူများကို တိုက်ခိုက်ခဲ့ရာ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။ စက်တင်ဘာလ ၉ ရက်နေ့က ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာတပ်စခန်းကို ပြန်လည် ထိန်းချုပ် နိုင်ရေး...