Kyun Hla News

Kyun Hla News

ကျွန်းလှမြို့နယ်၊ အင်တိုင်းနှ့င် ကျောက်ပုံကုန်းရွာရှိ စစ်သားများကို စီးနင်းတိုက်ခိုက်မှု စစ်သား၊ ပျူ ၂ ဦး အရှင်ဖမ်းမိပြီး PDF ၂ ဦးကျဆုံး

 

D Day News

ဇွန်လ ၂၉

 

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ အင်တိုင်းရွာနှင့် ကျောက်ပုံကုန်းရွာရှိ အကြမ်းဖက်စစ်သား၊ ပျူများ အား ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ၂ ဦးအရှင်ဖမ်းမိပြီး သေနတ် ၈ လက်သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ် ၁ စစ်ဒေသထံမှ သိရသည်။

 

ယမန်နေ့ ဇွန်လ ၂၈ ရက် နံနက် ၄ နာရီခန့်က ကျွန်းလှမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ တပ် ခမရ ၃၆၁ တပ်သားများနှင့် ပျူစောထီးပူးပေါင်း အင်အား ၂၀၀ ခန့်သည် အင်တိုင်းရွာနှင့် ကျောက်ပုံကုန်းရွာ၌ တပ်ဖြန့်တပ်စွဲရန် ပြင်ဆင်နေစဉ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူများ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

 

ထို့သို့တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား၊ ပျူ ၂ ဦး အရှင်ဖမ်းမိခဲ့ပြီး လက်နက်ငယ် ၈ သိမ်း ဆည်းရရှိကာ တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ဦး တိုင်းပြည်နှင့် ဖက်ဒရယ်ပြည်ထောင်စုအတွက် အသက် ပေးလှူခဲ့ရကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ကန့်ဘလူခရိုင် ကွပ်ကဲရေးမှူး၏ ကွပ်ကဲမှုဖြင့် ကန့်ဘလူခရိုင် တပ်ရင်း (၁၊ ၂)၊ ရွှေဘိုခရိုင် ကွပ်ကဲရေးရုံးအဖွဲ၊ ရွှေဘိုခရိုင် တပ်ရင်း (၆၊ ၉၊ ၁၂)၊ ဗျူဟာ-၅၂ (ရွှေဘိုခရိုင် တပ်ရင်း-၇၊ ၈၊ ၁၀၊ ၁၆)၊ စစ်ကိုင်းတိုင်း ပကဖ၊ ကျွန်းလှမြိုနယ် ပကဖ ပူးပေါင်းတပ်ဖွဲ့ တို့ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီကျေးရွာနှင့် ဇရပ်ကွင်းကျေးရွာကို စစ်တပ်ကလေကြောင်း၊ လက်နက် ကြီးဖြင့် တိုက်ခိုက်မှု ပြည်သူ ၅ ဦး သေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရ

သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီကျေးရွာနှင့် ဇရပ်ကွင်းကျေးရွာကို စစ်တပ်ကလေကြောင်း၊ လက်နက် ကြီးဖြင့် တိုက်ခိုက်မှု ပြည်သူ ၅ ဦး သေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၁ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီးကျေးရွာနှင့် ဇရပ်ကွင်းကျေးရွာတို့ကို အကြမ်းဖက်စစ် ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦး သေဆုံးပြီး ၄ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ထံမှ သိရသည်။ ယနေ့ စက်တင်ဘာလ...