Nuaung Lay Bin News

Nuaung Lay Bin News

ညောင်လေးပင်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးသေဆုံး

 

D Day News

ဇွန်လ ၂၉

 

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အတွင်း လှည့်နေသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း Royal Peacok Column ထံမှ သိရသည်။

 

ယမန်နေ့ ဇွန်လ ၂၇ ရက် မွန်းတည့်ချိန်မှစ၍ ညောင်လေးပင်မြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့ များ စိုးမိုးထားရာ ကျေးရွာများကို စစ်ကြောင်းထိုလာသည့် အကြမ်းဖက်စစ်သားများကို ပိတ်ဆို့တိုက် ခိုက်ခဲ့ရာ တိုက်ပွဲ ငယ် ၂ ကြိမ်ခန့်ဖြစ်ပွားခဲ့ပြီး ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ် ကောင်စီတပ်သား ၂ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Royal Peacok Column -တော်ဝင်ဒေါင်းစစ်ကြောင်းနှင့် မဟာမိတ်တပ်ဖွဲ့ များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ၆၀ မမ၊ ၈၁ မမ လက် နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်မှုရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ပုလောမြို့နယ် ၊ ထမင်းမစားကျေးရွာသို့ ပြန်လည်ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက် ခိုက်မှုစစ်သား၊ ပျူ ၁၅ ဦးသေဆုံး

ပုလောမြို့နယ် ၊ ထမင်းမစားကျေးရွာသို့ ပြန်လည်ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက် ခိုက်မှုစစ်သား၊ ပျူ ၁၅ ဦးသေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၁ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာသို့ ပြန်လည် စစ်ကြောင်းထိုးဝင်ရောက်လာ သော အကြမ်းဖက်စစ်သား၊ ပျူများကို တိုက်ခိုက်ခဲ့ရာ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။ စက်တင်ဘာလ ၉ ရက်နေ့က ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာတပ်စခန်းကို ပြန်လည် ထိန်းချုပ် နိုင်ရေး...