Oak Phoe News

Oak Phoe News

အုတ်ဖိုမြို့နယ်တွင် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ မြင့်နိုင်ဦး ပစ်ခတ်ခံရပြီး သေဆုံး

 

D Day News

ဇွန်လ ၂၈

 

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်အတွက် အလုပ်လုပ်ပေးနေသူ မြင့်နိုင်ဦး ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်သေဆုံးသွားကြောင်း Black Dragon GBK PDF တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဇွန်လ ၂၇ ရက် နံနက် ၈ နာရီ ၃၀ မိနစ်အချိန်တွင် အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းအုပ်စု၊ ထန်းပင်ကုန်းကျေးရွာတွင်နေထိုင်သော အသက် ၄၀ အရွယ် မြင့်နိုင်ဦးသည် အကြမ်းဖက်စစ်ကောင် စီတပ်အတွက် PDF တပ်ဖွဲ့များ၏ သတင်းကို စုံစမ်းထောက်လှမ်းကာ ပေးပို့ခြင်း၊ အကြမ်းဖက်စစ် တပ်ကို မမှန်သတင်းပေးကာ ပြည်သူများကို ဖမ်းဆီးခိုင်းတို့ လုပ်ဆောင်နေသဖြင့် ပစ်ခတ်ရှင်းလင်း ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“သူ့ယာခင်းထဲအလာကို စောင့်ပြီး သေနတ်နဲ့ ၃ ချက် ပစ် ရှင်းခဲ့တာပါ။ စကစကို မမှန်သတင်းပေးပြီး ပြည်သူတွေ ဖမ်းခိုင်းတာတွေရှိတယ်၊ သူဖမ်းခိုင်းလို့ ဖမ်းခံရပြီး ထိခိုက်သူတွေများလာတယ်။ ပြီး တော့ သူက စကစ အရာရှိတွေနဲ့ အရက်လိုက်သောက်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ သတင်းတွေ ကို စုံစမ်းပြီး ပေးပို့တယ်။ သူ့ကြောင့်ထိခိုက်မှုတွေများလာလို့ အရေးယူခဲ့ရတာပါ၊ ပစ္စည်းတွေ သိမ်း ဆည်းခဲ့တာ၊ စကစတွေနဲ့ ထိပ်တိုက်တွေ့ခဲ့ရတာမျိုး မရှိပါဘူး” ဟု Black Dragon GBK PDF တပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆ Black Dragon,GBK-PDF တပ်ဖွဲ့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီကျေးရွာနှင့် ဇရပ်ကွင်းကျေးရွာကို စစ်တပ်ကလေကြောင်း၊ လက်နက် ကြီးဖြင့် တိုက်ခိုက်မှု ပြည်သူ ၅ ဦး သေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရ

သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီကျေးရွာနှင့် ဇရပ်ကွင်းကျေးရွာကို စစ်တပ်ကလေကြောင်း၊ လက်နက် ကြီးဖြင့် တိုက်ခိုက်မှု ပြည်သူ ၅ ဦး သေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၁ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီးကျေးရွာနှင့် ဇရပ်ကွင်းကျေးရွာတို့ကို အကြမ်းဖက်စစ် ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦး သေဆုံးပြီး ၄ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ထံမှ သိရသည်။ ယနေ့ စက်တင်ဘာလ...