TNLA News

TNLA News

နောင်ချိုမြို့နယ်၊ ခမရ ၁၁၄ တပ်ရင်းကို သိမ်းပိုက်ရရှိပြီး တစ်ခုတည်းသော ကျန်ရှိနေသည့် ခမရ ၆၀၆ တပ်ရင်းကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေ

 

  • ကျောက်မဲ၊ သီပေါ၊ မိုးမိတ်၊ မိုးကုတ်တို့ရှိ အကြမ်းဖက်စစ်တပ်စခန်းများကို ထိုးစစ်ဆင်တိုက် ခိုက်နေ

 

D Day News

ဇွန်လ ၂၈

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၁၁၄ တပ်ရင်းကို သိမ်းပိုက်ရရှိပြီး တစ်ခုတည်းသော ကျန်ရှိနေသည့် ခမရ ၆၀၆ တပ်ရင်းကိုလည်း ထိုးစစ်ဆင်တိုက် ခိုက်နေကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

 

ယမန်နေ့ ဇွန်လ ၂၇ ရက် ည ၉ နာရီအချိန်တွင် နောင်ချိုမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၁၁၄ တပ်ရင်းကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး နောင်ချိုမြို့နယ်တွင် တစ်ခုသော ကျန်ရှိနေ သည့် စစ်ကောင်စီ၏ ခမရ ၆၀၆ တပ်စခန်းကိုလည်း တအာင်းတပ်မတော် TNLA၊ MDY-PDF နှင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLA) ပူးပေါင်းတပ်ဖွဲ့တို့က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိ ကြောင်း သိရသည်။

ယနေ့ ဇွန်လ ၂၈ ရက် ညနေ ၃ နာရီ မိနစ် ၅၀ အချိန်အထိ ထိုးစစ်ဆင် တိုက်ခိုက်နေဆဲဖြစ်ပြီး အ ကြမ်းဖက် စစ်ကောင်စီတပ်က နံနက် ၆ နာရီ ၅ မိနစ်မှ ၆ နာရီ ၂၅ မိနစ်အထိ ဂျက်ဖိုက်တာဖြင့် ၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

အလားတူ ယနေ့ ဇွန်လ ၂၈ ရက် ညနေ ၄ နာရီ ၁၄ မိနစ်တွင် ကျောက်မဲမြို့နယ်၊ ဂုတ်တွင်း၌ တ အာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် စစ်ကောင်စီတပ် စကခ ၁ ၊ ခမရ ၁၁၄ တပ် သားများနှင့် တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

 

ထို့အပြင် ယနေ့ ဇွန်လ ၂၈ နံနက် ၇ နာရီ ၅၄ မိနစ်တွင် ကျောက်မဲမြို့ရှိ စစ်ကောင်စီ၏ ခမရ ၅၀၁ ၊ ခမရ ၅၀၂ တပ်စခန်းတို့ကို တအာင်းတပ်မတော် TNLA နှင့် MDY-PDF ပူးပေါင်းတပ်ဖွဲ့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ဇွန်လ ၂၈ ရက် ည ၇ နာရီအထိ တအာင်းပြည် နောင်ချိုမြို့နယ်၊ ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်၊ မိုးမိတ်မြို့နယ်နှင့် မိုးကုတ်မြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

 

ဇွန်လ ၂၆ ရက်နေ့တွင် တအာင်းတပ်မတော်မှ သိမ်းရရှိထားသည့် နောင်ချိုမြို့စစ်ကောင်စီ၏ ခမရ ၁၁၅ တပ်စခန်းအတွင်းမှ လက်နက်ခဲယမ်းမျိုးစုံကို သိမ်းဆည်းရရှိထားကြောင်း၊ ထို့အပြင် ကျောက်မဲ မြို့နယ် နောင်ပြစ်ရွာလမ်းခွဲရှိ စစ်ကောင်စီတပ်စခန်းကိုလည်း ဇွန်လ ၂၇ ရက်နေ့က တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ပုလောမြို့နယ် ၊ ထမင်းမစားကျေးရွာသို့ ပြန်လည်ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက် ခိုက်မှုစစ်သား၊ ပျူ ၁၅ ဦးသေဆုံး

ပုလောမြို့နယ် ၊ ထမင်းမစားကျေးရွာသို့ ပြန်လည်ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက် ခိုက်မှုစစ်သား၊ ပျူ ၁၅ ဦးသေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၁ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာသို့ ပြန်လည် စစ်ကြောင်းထိုးဝင်ရောက်လာ သော အကြမ်းဖက်စစ်သား၊ ပျူများကို တိုက်ခိုက်ခဲ့ရာ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။ စက်တင်ဘာလ ၉ ရက်နေ့က ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာတပ်စခန်းကို ပြန်လည် ထိန်းချုပ် နိုင်ရေး...