Myotthitmyo News

Myotthitmyo News

မြို့သစ်မြို့နယ်တွင် လေယာဉ်ဆီပို့ဆောင်သည့် ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁၃ ဦး သေဆုံးပြီး ကား ၂ စီးတိမ်းမှောက်ပျက်စီး

 

D Day News

ဇွန်လ ၂၈

 

မကွေးတိုင်း၊ မြို့သစ်မြို့နယ် ငါးခူအိုင်ကျေးရွာနှင့် ဇီးလုံးဘော့ကျေးရွာကြား သစ်တောဦးစီးဌာနရုံး အနီးတွင် လေယာဉ်ဆီလာရောက်ပို့ဆောင်သည့် ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၁၃ ဦးသေဆုံးပြီး ကား ၂ စီးတိမ်းမှောက်ပျက်စီးခဲ့ကြောင်း တိုက် ဒေါင်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ဇွန်လ ၂၅ ရက် နံနက် ၇ နာရီခန့်က နေပြည်တော်မှ မကွေးမြို့သို့ လေယာဉ်ဆီလာရောက်ပို့ဆောင် သည့် ဆီဘောက်ဆာကား ၅ စီးနှင့် လုံခြုံရေးအဖြစ်လိုက်ပါလာသော အကြမ်းဖက်စစ်သား ၂၀ ခန့် ပါ ကားတစ်စီးကို မြို့သစ်မြို့နယ် ငါးခူအိုင်ကျေးရွာနှင့် ဇီးလုံးဘော့ကျေးရွာကြား သစ်တောဦးစီးဌာန ရုံးအနီးအရောက် မိုင်း ၈ လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ဆီဘောက်ဆာကားတစ်စီးနှင့် လုံခြုံရေးစစ် သား များလိုက်ပါလာသည့် ကားတစ်စီးတိမ်းမှောက်သွားပြီး အကြမ်းဖက်စစ်သား ၁၃ ဦး သေဆုံးခဲ့ ကြောင်း သိရသည်။

“မိုင်း ၈ လုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ၊ မိုင်းဆွဲခံရပြီးတော့ နောက်ရက်မှာ နေပြည်တော်ဘက်ကို ပြန်ဆုတ်သွားတာ၊ အခုတော့ စစ်ကြောင်းထိုးလာပြီး ရွှေဗန်းမြောက်ဘက် တောင်တန်းပေါ်မှာ အ ထိုင်ချ ရွာတွေဘက်ကို ရမ်းသမ်းပစ်နေတယ်။ တိုက်ပွဲဖြစ်နေတယ်။ စခတွေ အခြေအနေ အတော် ရှုပ်နေတယ်” ဟု တိုက် ဒေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဒုတာဝန်ခံ ဖိုးခွားက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၉၀၃ တပ်ရင်း၊ တပ်ခွဲ ၃ တိုက် ဒေါင်းပြည်သူ့ကာရေးတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီကျေးရွာနှင့် ဇရပ်ကွင်းကျေးရွာကို စစ်တပ်ကလေကြောင်း၊ လက်နက် ကြီးဖြင့် တိုက်ခိုက်မှု ပြည်သူ ၅ ဦး သေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရ

သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီကျေးရွာနှင့် ဇရပ်ကွင်းကျေးရွာကို စစ်တပ်ကလေကြောင်း၊ လက်နက် ကြီးဖြင့် တိုက်ခိုက်မှု ပြည်သူ ၅ ဦး သေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၁ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီးကျေးရွာနှင့် ဇရပ်ကွင်းကျေးရွာတို့ကို အကြမ်းဖက်စစ် ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦး သေဆုံးပြီး ၄ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ထံမှ သိရသည်။ ယနေ့ စက်တင်ဘာလ...