Pyin Oo Lwin News

Pyin Oo Lwin News

မိုးကုတ်မြို့ကို ဖောကားဖြင့် တက်လာသည့် စစ်သား ၄ ဦကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိ

 

D Day News

ဇွန်လ ၂၈

 

မန္တလေးတိုင်း၊ မိုးကုတ်မြို့သို့ ဖောကားဖြင့် တက်လာသည့် အကြမ်းဖက်စစ်သား ၄ ဦးကို ဖမ်းဆီးရရှိ ခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် PDF ထံမှ သိရသည်။

 

ယမန်နေ့ ဇွန်လ ၂၇ ရက်နေ့က မိုးကုတ်မြို့သို့ ဖောကားဖြင့် တက်လာသည့် အကြမ်းဖက်စစ်သား ၄ ဦးကို သေနတ် ၄ လက်၊ ထောက်ပို့ယာဉ်နှင့်အတူ ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ပြီး အဆိုပါ စစ်သား ၄ ဦးအ နက် ၂ ဦးမှာ ကပစ တပ်မှ တပ်သားများဖြစ်ကာ ကျန်နှစ်ဦးမှာလည်း လက်ရုံးတပ်ဖွဲ့မှ ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ဖမ်းဆီးမှုကို ပြင်ဦးလွင် ခရိုင် ပကဖ နှင့် မတ္တရာ မြို့နယ် ပကဖ တို့ပူးပေါင်းကာ ဖမ်းဆီးခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ပုလောမြို့နယ် ၊ ထမင်းမစားကျေးရွာသို့ ပြန်လည်ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက် ခိုက်မှုစစ်သား၊ ပျူ ၁၅ ဦးသေဆုံး

ပုလောမြို့နယ် ၊ ထမင်းမစားကျေးရွာသို့ ပြန်လည်ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက် ခိုက်မှုစစ်သား၊ ပျူ ၁၅ ဦးသေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၁ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာသို့ ပြန်လည် စစ်ကြောင်းထိုးဝင်ရောက်လာ သော အကြမ်းဖက်စစ်သား၊ ပျူများကို တိုက်ခိုက်ခဲ့ရာ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။ စက်တင်ဘာလ ၉ ရက်နေ့က ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာတပ်စခန်းကို ပြန်လည် ထိန်းချုပ် နိုင်ရေး...