Sagaing News

Sagaing News

စစ်ကိုင်းမြို့ရှိ အမှတ် ၃ ရဲလေ့ကျင့်ရေးသင်တန်းကျောင်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက် (ရုပ်သံ)

 

D Day News

ဇွန်လ ၂၈

 

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ် လက်အောက်ခံ အမှတ် ၃ ရဲ လေ့ကျင့်ရေး သင်တန်းကျောင်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Sagaing District Drone Force ထံမှ သိရသည်။

 

ဇွန်လ ၂၅ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၃၀ အချိန်ခန့်က စစ်ကိုင်းမြို့ရှိ အမှတ် ၃ ရဲလေ့ကျင့်ရေး ကျောင်းကို SDDFနှင့်အတူ ညီနောင်မဟာမိတ်များမှ “Shar Htoo WAW”နည်းပညာ တိုက်ခိုက်ရေး Fixed Wings Droneများဖြင့် AIR BOMB ၁၄ လုံး ၊ Multi Wings များဖြင့် AIR BOMB ၁၂ လုံး ကြဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ အထိခိုက်အကျဆုံးရှိနိုင်ပြီး စုံစမ်းစစ်ဆေး ဆဲဖြစ်ကြောင်း သိရသည်။

https://youtu.be/PwZDq1BTJD8

အဆိုပါတိုက်ခိုက်မှုကို Sagaing District Drone Force – SDDF ၊ People’s knight Defense Force Myinmu (PKDF-MMU) ၊ Phoenix SGG ၊ စစ်ကိုင်းခရိုင် အမှတ် ၇ တပ်ရင်း တပ်ခွဲ ၄  ၊ စစ်ကိုင်းခရိုင် အမှတ် ၂ တပ်ရင်း တပ်ခွဲ ၂ ၊ MMU PDF ၊ တောတွင်းတွတ်ပီ ၊ SDP.camp-camp2 နှင့် စစ်ကိုင်းခရိုင် မစ်ဇိုင်းထုတ်လုပ်ရေး တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်သို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ် သား ၇ ဦးသေဆုံး၊ စစ်သားနှင့် အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါအဝင် ၇ ဦး အရှင်မိ (ရုပ်သံ)

ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်သို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ် သား ၇ ဦးသေဆုံး၊ စစ်သားနှင့် အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါအဝင် ၇ ဦး အရှင်မိ (ရုပ်သံ)

သံလွင်မြန်သတင်း စက်တင်ဘာလ ၁၁ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်သို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး‌ သေဆုံးပြီး စစ်သားနှင့် အိန္ဒိယနိုင်ငံသား ကသည်း သူပုန်အပါအဝင် ၇ ဦး ဖမ်းဆီးရရှိ ခဲ့ကြောင်း အမှတ် ၁ စစ်ဒေသက...