Shan & Mandalay News

Shan & Mandalay News

ရှမ်းမြောက်ဒေသနှင့်မန္တလေးတိုင်းအတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို ရှမ်းမန်းစစ်ဆင်ရေး အဖြစ် ထိုးစစ်ဆင်တိုက်ခိုက်နေဟု NUG ကာကွယ်ရေးဝန်ကြီးဌာန အသိပေး

 

D Day News

ဇွန်လ ၂၇

 

ရှမ်းမြောက်ဒေသနှင့် မန္တလေးတိုင်းအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများကို ရှမ်းမန်း စစ်ဆင်ရေးအဖြစ် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက အသိပေး ထုတ်ပြန်သည်။

 

ဇွန်လ ၂၅ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ ပြန်လည် စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး အပိုင်း -၂ နှင့်အတူ ဟန်ချက်ညီစစ်ဆင်မှုများကို ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တပ်ရင်း၊ တပ်ဖွဲ့များ က ရှမ်းမန်း စစ်ဆင်ရေး အဖြစ် ဆင်နွှဲလျက်ရှိပြီး ရှမ်းမြောက်ဒေသနှင့် မန္တလေးတိုင်းတွင် အောင်ပွဲများ ဆက်တိုက် ရရှိလျက်ရှိကြောင်း သိရသည်။

 

ရှမ်းမြောက် ဒေသနှင့် မန္တလေးတိုင်း စစ်ဆင်ရေး နယ်မြေများအတွင်း ပြည်သူ့ကာကွယ်ရေး တပ်မ တော် (မန္တလေး)၊ မိုးကုတ် ဗျူဟာ တပ်ရင်း (၁၂၂၁၊ ၁၂၂၂၊ ၁၂၂၃၊ ၁၂၂၄) ၊ အမှတ် (၅၁၃) တပ်ရင်း၊ ကျောက်မဲခရိုင် အထူး တိုက်ခိုက်ရေး တပ်ဖွဲ့၊ ပြင်ဦးလွင် ခရိုင် ပကဖ၊ မိုးကုတ် မြို့နယ် ပကဖ၊ မတ္တရာ မြို့နယ် ပကဖ တို့ ပါဝင်ကာ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မတ္တရာ စစ်မျက်နှာများတွင် မဟာမိတ် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များ နှင့်အတူ တိုက်ပွဲ ဝင်လျက်ရှိသည်ဟု ဆိုသည်။

နောင်ချို မြို့ နှင့် ခမရ ၁၁၅ ၊ မတ္တရာမြို့နယ်တွင်းရှိ ပန်းသလဲတောင်စခန်း၊ ကျောက်ကြမ်းတောင် စခန်း၊ ရေစိုတောင် စခန်း၊ ၆၀၆ ဒုံးတပ်ရင်း များကို သိမ်းပိုက်ရရှိထားပြီး ခမရ ၁၁၄ ၊ ၁၀၁၄ လေ ကြောင်းရန် ကာကွယ်ရေးတပ် အင်ကြင်းမြိုင် တို့ကို အပြီးသတ် သိမ်းပိုက်ရေး ဆက်လက် ထိုးစစ် ဆင်လျက်ရှိကြောင်း သိရသည်။

 

မိုးကုတ်မြို့ နှင့် ကျောက်မဲမြို့များကိုလည်း မဟာမိတ်များ နှင့် အတူ ပူးပေါင်း တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီ စစ်စခန်း အများစုကို သိမ်းပိုက်ထားနိုင်ကာ အောင်ပွဲများ ဆက်တိုက် ရရှိလျက်ရှိ ကြောင်း၊ ရှမ်းမန်း စစ်ဆင်ရေး၏ ထူးခြားချက်မှာ ရှမ်းမြောက်ဒေသ နှင့် ဆက်စပ်လျက် မန္တလေး တိုင်း ထဲသို့ပါ ပြည်သူ့ကာကွယ်ရေး တပ်မတော် နှင့် တော်လှန်ရေး အင်အားစုများ ထိုးဖောက် ဝင် ရောက်ကာ စစ်ဆင်နေခြင်း ဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဖားကန့်မြို့အနီး၊ ညောင်ပင်ကုန်းအနီးတဝိုက် တိုက်ပွဲတွင် စစ်သားအများအပြားသေဆုံးပြီး စစ်သုံ့ ပန်းများနှင့်အတူ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိ

ဖားကန့်မြို့အနီး၊ ညောင်ပင်ကုန်းအနီးတဝိုက် တိုက်ပွဲတွင် စစ်သားအများအပြားသေဆုံးပြီး စစ်သုံ့ ပန်းများနှင့်အတူ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၁ ကချင်ပြည်နယ်၊ ဖားကန့်မြို့အနီးရှိ ညောင်ပင်ကုန်းရပ်ကွက်အနီးတဝိုက် တိုက်ပွဲများတွင် စစ်သား အများအပြား သေဆုံးပြီး စစ်သုံ့ပန်းများနှင့်အတူလက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း KIA စစ်ရေး သတင်းရင်းမြစ်ထံက သိရသည်။ ယမန်နေ့ စက်တင်ဘာလ ၁၀ ရက်နေ့က ဖားကန့်မြို့အနီး၊ ညောင်ပင်ကုန်းရပ်ကွက်အနီးတဝိုက်ကို စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကြောင်းကို KIA...