Mandalay News

Mandalay News

နောင်ချိုမြို့နှင့် ခမရ ၁၁၅ ကို သိမ်းပိုက်ရရှိပြီး ခမရ ၁၁၄ နှင့် ၆၀၆ အမြောက်တပ်ကို ထိုးစစ်ဆင် တိုက်ခိုက်

 

  • မတ္တရာမြို့ နယ်၊ ပန်းသလဲတောင်စခန်း၊ ကျောက်ကြမ်းတောင်စခန်းနှင့်ရေစိုတောင်စခန်း တို့ ကို သိမ်းပိုက်ထားပြီး အင်ကြင်းမြိုင်လေကြောင်းရန် ကာကွယ်ရေးတပ်ကို သိမ်းပိုက်ရရှိရေး ဆက်လက် တိုက်ခိုက်နေ

 

D Day News

ဇွန်လ ၂၇

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နှင့်ခမရ ၁၁၅ တပ်ရင်းကို သိမ်းပိုက်ရရှိထားပြီး လက်ကျန် တပ် စခန်းများဖြစ်သည့် ခမရ ၁၁၄ တပ်ရင်းနှင့် အမှတ် ၆၀၆ အမြောက်တပ်တို့ကို ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း မန္တလေး PDF တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဇွန်လ ၂၆ ရက်နေ့က နောင်ချိုမြို့နှင့် ခမရ ၁၁၅ တပ်ရင်းတို့ကို ပြည်သူ့ကာကွယ်ရေး တပ် မတော် (မန္တလေး) ၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် မဟာမိတ်ပူးပေါင်း တပ်များမှ အပြည့်အဝထိန်းချုပ်ထားပြီး လက်ကျန်တပ်စခန်းများဖြစ်သည့် ခမရ ၁၁၄ နှင့်  အမှတ် ၆၀၆ အမြောက်တပ်ရင်းတို့ကို ဆက်လက်ထိုးစစ်ဆင်လျက်ရှိကြောင်း သိရသည်။

ထိုအပြင် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းရှိ ပန်းသလဲတောင်စခန်း ၊ ကျောက်ကြမ်းတောင် စခန်းနှင့် ရေစိုတောင်စခန်းများကို သိမ်းပိုက်ရရှိထားပြီး အမှတ် ၁၀၁၄ လေကြောင်းရန်ကာကွယ်ရေး တပ် အင်ကြင်းမြိုင်တပ်စခန်းကိုလည်း အပြီးသတ်ရရှိရန် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိ သိရသည်။

 

အလားတူ မိုးကုတ်မြို့နှင့် ကျောက်မဲမြို့များကို မဟာမိတ်များနှင့်လက်တွဲ၍ ထိုးစစ်ဆင်တိုက်ခိုက် လျက်ရှိပြီး စစ်ကောင်စီစခန်းအများစုကို ထိန်းချုပ်သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ် ရေးတပ်မတော် (မန္တလေး) စစ်ဦးစီးအဖွဲ့က ထုတ်ပြန်ထားသည်။

 

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) သည် ညီနောင်မဟာမိတ် ၃ ဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိင်း”နှင့်အတူ စစ်ဆင်ရေးများကို ဟန်ချက်ညီညီ ပါဝင်ဆင်နွှလျက်ရှိပြီး ကျောက်မဲ ၊ မိုး ကုတ် ၊ နောင်ချို နှင့် မတ္တရာစစ်မျက်နှာများတွင် မဟာမိတ်များနှင့်လက်တွဲ၍ စစ်ဆင်ရေးများ ဖော် ဆောင်လျက်ရှိကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဖားကန့်မြို့အနီး၊ ညောင်ပင်ကုန်းအနီးတဝိုက် တိုက်ပွဲတွင် စစ်သားအများအပြားသေဆုံးပြီး စစ်သုံ့ ပန်းများနှင့်အတူ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိ

ဖားကန့်မြို့အနီး၊ ညောင်ပင်ကုန်းအနီးတဝိုက် တိုက်ပွဲတွင် စစ်သားအများအပြားသေဆုံးပြီး စစ်သုံ့ ပန်းများနှင့်အတူ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၁ ကချင်ပြည်နယ်၊ ဖားကန့်မြို့အနီးရှိ ညောင်ပင်ကုန်းရပ်ကွက်အနီးတဝိုက် တိုက်ပွဲများတွင် စစ်သား အများအပြား သေဆုံးပြီး စစ်သုံ့ပန်းများနှင့်အတူလက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း KIA စစ်ရေး သတင်းရင်းမြစ်ထံက သိရသည်။ ယမန်နေ့ စက်တင်ဘာလ ၁၀ ရက်နေ့က ဖားကန့်မြို့အနီး၊ ညောင်ပင်ကုန်းရပ်ကွက်အနီးတဝိုက်ကို စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကြောင်းကို KIA...