TNLA News

TNLA News

၁၀၂၇ ဒုတိယလှိုင်း ၂ ရက်အတွင်း အကြမ်းဖက်စစ်တပ်စခန်း ၂၄ ခု သိမ်းပိုက်ရရှိပြီး စစ်သား ၂၀ သေဆုံးကာ စစ်သား ၁၇ ဦး ဖမ်းမိ

 

D Day News

ဇွန်လ ၂၇

 

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြန်လည်စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးရေး ဒုတိယလှိုင်း ၂ ရက် အတွင်း အကြမ်းဖက်စစ်တပ်စခန်း ၂၄ ခု သိမ်းပိုက်ရရှိပြီး စစ်သား ၂၀ သေဆုံးကာ စစ်သား ၁၇ ဦး အရှင် ဖမ်းမိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံမှ သိရသည်။

 

ဇွန်လ ၂၅ ရက်နေ့တွင် ပြန်လည် စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း ရှမ်းပြည် နယ်မြောက်ပိုင်း နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့နယ်၊ မိုးမိတ် နှင့် မန္တလေးတိုင်း မိုးကုတ်မြို့ နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်စခန်း ၂၄ ခုကို သိမ်းပိုက်ရရှိကာ စစ်သား ၁၇ ဦးအရှင် ဖမ်းမိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ (၂) ရက်တာတိုက်ပွဲအတွင်း ကျောက်မဲမြို့နယ်ရှိ နားအိုက်ခန်းစခန်း၊ စခန်းသာ၊ ငြိမ်းချမ်း ရေးကုန်း၊ အမှတ် (၃၅၂) အမြောက်တပ်ကုန်း၊ အင်ကြင်းကိုင်း၊ ဂေါက်ကွင်းအထက်၊ ထွေအုပ်ရုံး၊ ရဲစခန်းစသည့် စစ်ကောင်စီတပ်စခန်းများ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

 

နောင်ချိုမြို့နယ်ရှိ ခမရ(၁၁၅)၊ ရဲစခန်း၊ ကံ့ကော်စခန်း၊ ခဲမွန်စခန်း၊ ကျောက်ကြမ်းစခန်း၊ ဆေးရုံ၊ တိုးဂိတ်၊ စက်ရုံ၊ ဘူတာရုံ၊ ရွှေညောင်ပင်၊ အုမ္မတီးစသည့် စစ်ကောင်စီစခန်းများကို သိမ်းပိုက်ရရှိခဲ့ ကြောင်း သိရသည်။

 

မိုးကုတ်မြို့နယ်၊ ဒေါ်နန်းကြည်တောင်စခန်း၊ ဗျူဟာစခန်းကုန်း၊ ရွှေသာယာ၊ ပန်းသပြေနှင့် ဖြူရောင် ကုန်းတို့အား အသီးသီးသိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

 

တိုက်ပွဲကာလအတွင်း စစ်သား ၂၀ သေဆုံးပြီး လက်နက်ချအလင်းဝင်ရောက်သည့် ၁၇ ဦးနှင့် လက် နက် မျိုးစုံ (၅၁) လက်၊ RPG – 7 (၁)လက်၊ ၆၀ မမ (၁) လက်၊ စက်လတ် (၁)လက်၊ ကား (၂)စီး၊ ဒရုန်းကာကွယ်သည့် ဂျမ်ဘာ၊ စက်သွယ်ရေးပစ္စည်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

ဇွန်လ (၂၆)ရက် ညနေ (၇)နာရီအထိ ဆက်သွယ်ရယူထားသည့် မြေပြင်သတင်းအရ ညနေပိုင်း (၃) နာရီ တွင် နောင်ချိုမြို့နယ် ကျောက်ကြမ်းရွာအား စစ်ကောင်စီတပ်မှ Y-12 ထောက်ပို့လေယာဉ်ဖြင့် ဗုံး(၂)လုံးကြဲခဲ့သည့်အပြင် (၅ နာရီ ၂၇ မိနစ်အချိန်နှင့် ည (၇)နာရီတွင်တစ်ကြိမ် Jet fighter တစ် စင်းဖြင့် စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဖားကန့်မြို့အနီး၊ ညောင်ပင်ကုန်းအနီးတဝိုက် တိုက်ပွဲတွင် စစ်သားအများအပြားသေဆုံးပြီး စစ်သုံ့ ပန်းများနှင့်အတူ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိ

ဖားကန့်မြို့အနီး၊ ညောင်ပင်ကုန်းအနီးတဝိုက် တိုက်ပွဲတွင် စစ်သားအများအပြားသေဆုံးပြီး စစ်သုံ့ ပန်းများနှင့်အတူ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၁ ကချင်ပြည်နယ်၊ ဖားကန့်မြို့အနီးရှိ ညောင်ပင်ကုန်းရပ်ကွက်အနီးတဝိုက် တိုက်ပွဲများတွင် စစ်သား အများအပြား သေဆုံးပြီး စစ်သုံ့ပန်းများနှင့်အတူလက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း KIA စစ်ရေး သတင်းရင်းမြစ်ထံက သိရသည်။ ယမန်နေ့ စက်တင်ဘာလ ၁၀ ရက်နေ့က ဖားကန့်မြို့အနီး၊ ညောင်ပင်ကုန်းရပ်ကွက်အနီးတဝိုက်ကို စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကြောင်းကို KIA...