Pyin Oo Lwin News

Pyin Oo Lwin News

မန္တလေး -မိုးကုတ် ကားလမ်းနှင့် မန္တလေး -မြစ်ကြီးနား ကားလမ်ပိုင်းကို ည ၇ နာရီမှ နံနက် ၆ နာရီ အတွင်းဖြတ်သန်းသွားခြင်းမပြုရန် ပြင်ဦးခရိုင် PDF တပ်ဖွဲ့ထုတ်ပြန်

 

D Day News
ဇွန်လ ၂၅

 

မန္တလေးတိုင်း၊ မန္တလေး -မိုးကုတ် ကားလမ်းပိုင်းနှင့် မန္တလေး -မြစ်ကြီးနားလမ်းပိုင်းကို ည ၇ နာရီမှ နံနက် ၆ နာရီအတွင်း ခရီးသွားလာခြင်းမပြုကြရန် ပြင်ဦးလွင်ခရိုင် PDF တပ်ဖွဲ့က ထုတ်ပြန်သည်။

 

ယနေ့ ဇွန်လ ၂၅ ရက်နေ့မှစ၍ မန္တလေး-မိုးကုတ် ကားလမ်းနှင့် မန္တလေး-မြစ်ကြီးနား ကားလမ်းကို အသုံးပြုလျက် သွားလာနေကြသည့် မိဘပြည်သူများအနေဖြင့် ည ၇ နာရီမှ နံနက် ၆ နာရီအတွင်း ခရီးသွားလာခြင်းမပြုကြရန်၊ သတ်မှတ်ချိန်အတွင်း ခရီးသွားလာပါက ကားမှန်များ ချ၍ မောင်းနှင် ပေးကြပါရန် ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီ၏ ယာဉ်များနှင့် အနီးကပ်သွားလာခြင်းကို ရှောင်ကြဉ်ကြရန်နှင့် လမ်းခရီးတွင် တိုက်ပွဲဖြစ်သံ ကြားပါက ဘေးကင်းရာနေရာ ယာဉ်များ ရပ်နားထားကြရန် ဆက်လက် ဖော်ပြထားသည်။

 

ယခုထုတ်ပြန်ထားသည့် ဒေသန္တရဆိုင်ရာ တားမြစ်ထုတ်ပြန်ချက်များအား လေးစားလိုက်နာ ပေးကြ ရန်နှင့် ထုတ်ပြန်ချက်များ အားမလိုက်နာပါက ဖြစ်ပေါ်လာသည့် အကျိုးဆက်များအား တာဝန်ယူ ဖြေရှင်းပေးသွားမည်မဟုတ်ပါကြောင်းနှင့် ဘေးကင်းစွာ ဖြတ်သန်းသွားလာနိုင်မည့် အချိန်ကိုလည်း အလျဉ်းသင့်သလို ထုတ်ပြန်ပေးသွားပါမည်ဖြစ်ကြောင်း အသိပေးထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်မှုထမ်းစစ်သားများအနေဖြင့် စောစီးစွာအလံဖြူထောင်လက်နက်ချရန် အာရက္ခတပ်တော် အသိပေး

စစ်မှုထမ်းစစ်သားများအနေဖြင့် စောစီးစွာအလံဖြူထောင်လက်နက်ချရန် အာရက္ခတပ်တော် အသိပေး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၁ စစ်မှုထမ်းစစ်သားများအနေဖြင့် စောစီးစွာအလံဖြူထောင် လက်နက်ချရန် အရက္ခတပ်တော် -AA အသိပေးလိုက်သည်။ စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေအောက်တွင် ပုံစံအမျိုးမျိုးဖြင့် အတင်းအဓမ္မ စစ်သား စု ဆောင်းထားခြင်း၊ စစ်သင်တန်းပေးခြင်းကိုခံခဲ့ရပြီးနောက် စစ်သင်တန်းဆင်းလာသော ရဲဘော်သစ် များအနေဖြင့် စောစီးစွာ အလံဖြူထောင်၊ လက်နက်ချအညံ့ခံလျှင် အသက်ချမ်းသာရာ...