Pale & Salingyi News

Pale & Salingyi News

ဆားလင်းကြီးနှင့် ပုလဲမြို့ပေါ်ရှိ စစ်တပ်စခန်းနေရာများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

 

D Day News

ဇွန်လ ၂၅

 

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နှင့် ပုလဲမြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ် စခန်းများကို ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ဒေါင်းတမန်လေကြောင်း စစ်ဆင်ရေး အဖွဲ့ထံမှ သိရသည်။

 

ဇွန်လ ၁၆ ရက် ညနေ ၄ နာရီ ၂၅ မိနစ် အချိန်တွင် ဆားလင်းကြီးမြို့၊ ရဲစခန်းနှင့် ထွေအုပ်ရုံးကို ဗုံးသီး ၁၀ လုံး ဖြင့်လည်းကောင်း ဇွန်လ ၁၉ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ် အချိန်တွင် ဆားလင်းကြီးမြို့၊ ထွေအုပ်ရုံးကို ဗုံးသီး ၆ လုံးဖြင့် လည်းကောင်း၊ ဇွန်လ ၂၀ ရက် နံနက် ၇ နာရီ ၂၈ မိနစ်တွင် ပုလဲမြို့၊ ထွေအုပ်ရုံးကို ဗုံးသီး ၁၀ လုံးဖြင့်လည်းကောင်း Shar Htoo WAW နည်းပညာတပ်ဖွဲ့၏ ပူးပေါင်း တပ်ဖွဲ့ဝင်များက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

အလားတူ ဇွန်လ ၂၂ ရက် နံနက် ၉ နာရီ ၁၅ မိနစ်တွင် ဆားလင်းကြီးမြို့ပေါ်ရှိ ထွေအုပ်ရုံးကို ဗုံးသီး ၈ လုံးဖြင့်လည်းကောင်း၊ ဇွန်လ ၂၄ ရက် နံနက် ၈ နာရီ ၁၉ မိနစ်တွင် ပုလဲမြို့ပေါ်ရှိ အထွေထွေအုပ် ချုပ်ရေးရုံးတွင် ဗုံးသီး ၃ လုံးဖြင့် လည်းကောင်း၊ ဇွန်လ ၂၄ ရက်နေ့တွင် ညနေ ၄ နာရီ ၅၃ မိနစ်တွင် ဆားလင်းကြီးမြို့နယ်၊ ရွှေလှေကျေးရွာအတွင်း ဝင်ရောက်နေသော အကြမ်းဖက်စစ်သားများကို ဗုံး သီး ၆ လုံးဖြင့် လည်းကောင်း Fixed Wing Drone များဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုများအတွင်း ဇွန်လ ၂၄ နံနက်ပိုင်း ဗုံးကြဲတိုက်ခိုက်မှုအတွင်း Fixed Wing Drone တစ်စီး ဆုံးရှုံးခဲ့ကြောင်း၊ အကြမ်းဖက်စစ်သားများဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း ဒေါင်းတမန် လေကြောင်းစစ်ဆင်ရေး ပူးပေါင်းအဖွဲ့သားများ အန္တ ရာယ်ကင်းစွာဖြင့် ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team (3) PDAF (ဧရာဝတီတိုင်း) (ပကဖ) ဒရုန်းတပ်ဖွဲ့-(၂) ၊ Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team (4) SSTF ၊ Eagle Wing Drone Force ၊ ဗေဒါပျံ (Drone Team) ၊ ဧရာဝတီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ Union Brothers-UB (ပြည်သူ့အကျိုးဆောင်အဖွဲ့၊ “ငါတို့”ထောက်ပို့အဖွဲ့ ၊ ဆားလင်းကြီး ပကဖနှင့် တပ် ရင်း၊ တပ်ဖွဲ့များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေးသည်ရှိသည့် ပစ္စည်းလေးများနှင့် ပူးပေါင်းပြီး ရနိုင်သမျှတော် လှန်ရေးမှာ စစ်အာဏာရှင်စနစ်ကို အစွမ်းကုန်တွန်းလှန်တိုက်ခိုက်နေခြင်းဖြစ်ပြီး မိဘပြည်သူများမှ ပိုမိုပူးပေါင်းပါ၀င် ပေးပါက Drone အစီးရေများများဖြင့် စွမ်းအားပြင်းယမ်းများကို အသုံးပြုလျက် ယခုထက်ပိုမိုထိရောက်အောင်မြင်အောင်တော်လှန်ရေးကိုဆောင်ရွက်နိုင်မည်ဖြစ်ပါသဖြင့် စစ် အာဏာရှင်စနစ် အမြန်ဆုံးနိဂုံးချုပ်နိုင်ရေးအတွက် မိဘပြည်သူများအနေဖြင့် မလျော့သောဇွဲဖြင့် ဆက်လက်ပူးပေါင်းပါဝင်ပေးကြပါရန် အထူးမေတ္တာရပ်ခံထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magway News

Magway News

ပခုက္ကူ - မြိုင်လမ်းတွင် စစ်တပ်က လေကြောင်းပစ်ကူယူ၍ အင်အား ထောင်ချီဖြင့် စစ်ကြောင်းထိုး၊ ပြည်သူများထောင်ချီ ထွက်ပြေးနေရပြီး ဘုန်းကြီးကျောင်း လေယာဉ်ဖြင့် ဗုံးကျဲခံရ   သံလွင်မြန်မာသတင်း ဇွန်လ ၂၅     မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူ -မြိုင်လမ်းပိုင်းတွင် စစ်တပ်က လေကြောင်းပစ်ကူယူ၍...