Sagaing News

Sagaing News

မတ္တရာနှင့် စစ်ကိုင်းမြို့နယ်ရှိ စစ်တပ်အထိုင်စခန်းများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

 

D Day News

ဇွန်လ ၂၄

 

မန္တလေးတိုင်း မတ္တရာမြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ် အ ထိုင် စခန်းများကို ဒရုန်းဖြင့် ဗုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း ပြင်ဦးလွင်ခရိုင်ဒရုန်းတပ်ဖွဲ့ (ရတနာပုံ တပ် ဦး) ထံမှ သိရသည်။

 

ဇွန်လ ၁၇ ရက် ညနေ ၃ နာရီခန့်က မတ္တရာမြို့နယ်၊ ဟင်္သာရွာသစ်ရှိ အကြမ်းဖက်စစ်တပ် အထိုင် ချ ထားသော ဘုန်းကြီးကျောင်းဝင်းအတွင်းသို့ ဒရုန်းဖြင့် ဗုံး ၄ လုံးကြဲချ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ် သား ထိခိုက်သေဆုံးမှုကို စုံစမ်းဆဲဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြင်ဦးလွင်ခရိုင်ဒရုန်းတပ်ဖွဲ့ (ရတနာပုံတပ်ဦး) နှင့် မတ္တရာမြို့နယ် ပကဖ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး Fixed Wings Drone တစီး ပျက်ကျဆုံးရှုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇွန်လ ၁၈ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ် တွင် စစ်ကိုင်းမြို့နယ်၊ အုန်းတော (ရွှေဘို-မန္တ လေး) လမ်းပေါ်ရှိ အကြမ်းဖက်စစ်တပ် အထိုင်ချထားသော တိုက်ပေါ်သို့ Fixed Wings Drone များ အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သားများ၏ ထိခိုက်သေဆုံးမှုကို အတည်ပြုစုံစမ်း နေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြင်ဦးလွင်ခရိုင်ဒရုန်းတပ်ဖွဲ့ (ရတနာပုံတပ်ဦး)၊ AIR DEAD COLUMN (ADC) ဝေဟင်သေမင်းစစ်ကြောင်း၊ 7PDF (MDY)၊ ကြောင်လက်သည်း၊ နန်းတက်မင်း၊ Phoenix (sgg)၊ ဇာမဏီ မဟာမိတ်တပ်ဖွဲ့တို့ အတူတကွ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အလားတူ ဇွန်လ ၂ဝ ရက် နံနက် ၁ဝ နာရီခန့်မှ စတင်ကာ မတ္တရာမြို့နယ်၊ ဟင်္သာရွာသစ်ရှိ အကြမ်း ဖက် စစ်သားများ အထိုင် ချတပ်စွဲထားသောနေရာသို့ Fixed Wings Drone ၊ Multirotor Drone များ ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခြင်းတို့ဖြင့် ဟန်ချက်ညီညီ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားများက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ သော်လည်း ပြည်သူ့ကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သော်လည်း Fixed Wings Drone နှစ်စီး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ပြင်ဦးလွင်ခရိုင်ဒရုန်းတပ်ဖွဲ့ (ရတနာပုံတပ်ဦး) ထံမှ သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြင်ဦးလွင်ခရိုင်ဒရုန်းတပ်ဖွဲ့ (ရတနာပုံတပ်ဦး)၊ မန္တလေးခရိုင် တပ် ရင်း ၃ ၊ 7 PDF (MDY) နှင့် မတ္တရာမြို့နယ်(ပကဖ)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စာသင်ကျောင်းဆောင်းများဆိုးဆိုးရွားရွားပျက်စီး

သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စာသင်ကျောင်းဆောင်းများဆိုးဆိုးရွားရွားပျက်စီး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၀ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီ တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စာသင်ဆောင်များ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ကြောင်း ပြည်သူ့ကာကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်သည်။ ယမန်နေ့ စက်တင်ဘာလ ၉ ရက် မွန်းလွဲ ၁ နာရီ ၃၀...