YPDF News

YPDF News

ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာမှ ပျူစောထီး စစ်ကြောင်းကို လက် နက်ကြီးများဖြင့် ကြားဖြတ် တိုက်ခိုက်မှု ပျူစောထီး ၄ ဦးသေဆုံး

 

D Day News

မတ်လ ၃၀

 

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာမှ ပျုစောထီးစစ်ကြောင်းကို လက်နက်ကြီးများဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၄ ဦးသေဆုံးခဲ့ကြောင်း ယောဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။

 

မတ်လ ၂၇ ရက်နေ့က ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးရွာများ ဖြစ်သည့် လေးရွာ၊ မြောက်ခင်ရန်းတို့မှ ပျူစောထီး ပူးပေါင်း အင်အား ၈၀ ကျော်ခန့်သည် အနီးအနား ပတ်ဝန်းကျင်ရှိ စစ်ဘေးရှောင်ပြည်သူများရှိသို့ စစ်ကြောင်းထိုးလာခဲ့ပြီး တောတိုက်တနေရာ ရှိ တောရကျောင်းကို အကာအကွယ်ယူကာ စခန်းချရပ်စဉ် တောလှန်ရေးတပ်ဖွဲ့ဝင်များက ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီးများနေထိုင်ရာ ကျရောက်ပေါက်ကွဲပြီး ပျူစောထီး ၄ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် ပျူစောထီးများ ပြန်လည် ဆုတ်ခွာသွားခဲ့သဖြင့် ယင်းနေရာအား နယ်မြေရှင်းလင်းစဉ် သစ်သားဖြင့် ပြုလုပ်ထားသော သေနတ်ဒင် အချို့နှင့် သွေးစအချို့တွေ့ရှိခဲ့ ကြောင်း သိရသည်။

 

ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့ကလည်း အင်အား ၄၀ ပါ ပျူစောထီ စစ်ကြောင်းမှ စစ်ဘေးရှောင် စခန်းများကို စစ်ကြောင်းထိုးခဲ့ပြီး လူနေတဲ ၇ လုံးကို မီးရှို့ဖျက်ဆီးကာ အသုံးအဆောင်နှင့် ရိက္ခာ များကို ခိုးယူသွားခဲ့ကြောင်း သိရသည်။

Photo – YPDF ရဲဘော်များ ၆၀ မမ လက်နက်ကြီးပစ်ခတ်ရန် ပြင်ဆင်နေစဉ်

 

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မင်းဘူးမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး၊ စစ်တပ်က အိုးပြင်မဲ ရွာက နေအိမ် ၂၇ လုံးကို မီးရှို့ဖျက်ဆီး

မင်းဘူးမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး၊ စစ်တပ်က အိုးပြင်မဲ ရွာက နေအိမ် ၂၇ လုံးကို မီးရှို့ဖျက်ဆီး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၈ မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ အိုင်းမကျေးရွာနှင့်အိုးပြင်မဲကျေးရွာကြားတွင်အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း ဒေသနေပြည်သူများထံက သိရသည်။ ယမန်‌နေ့ ဩဂုတ် ၁၇ ရက် ညနေ ၂ နာရီ ၃၀ မိနစ်က မင်းဘူးမြို့နယ်၊ ဇီးအိုင်ကျေးရွာဘက်မှ...