Political News

Political News

အမေရိကနိုင်ငံခြားရေး အတိုင်ပင်ခံ Derek Chollet က K3C အဖွဲ့ခေါင်းဆောင်များနှင့်တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေး

 

D Day News

မတ်လ ၃၀

အမေရိကနိုင်ငံခြားရေး အတိုင်ပင်ခံ Derek Chollet က K3C အဖွဲ့ခေါင်းဆောင်များနှင့်တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးခဲ့ကြောင်း ၎င်း၏ တွစ်တာလူမှုန်ကွန်ယက်မှ တဆင့် အသိပေးထားသည်။

 

ယမန်နေ့ မတ်လ ၂၉ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီကို တော်လှန်နေသည့် ကရင်အမျိုးသား အစည်း အရုံး(KNU)၊ ကရင်နီအမျိုးသားများတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့်  ကချင်လွတ်လပ်ရေးအဖွဲ့ – KIO ခေါင်းဆောင်များတွေ့ဆုံကာ နိုင်ငံတကာအသိုင်းအဝန်းအနေ ဖြင့် ကူညီထောက်ပံ့မှုများ တိုးမြှင့်ရေးနှင့် မြန်မာပြည်သူများ၏ အနာဂတ်ဘဝ လုံခြုံမှုဖြစ်စေမည့် တည်ဆောက်ရေးလုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီအမျိုးသားများတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုး သား တပ်ဦး (CNF)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO ) တို့သည် NUG နှင့်အတူ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ လ ၃၁ ရက်နေ့တွင် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေး ဘုံသဘောတူညီချက် လမ်းပြမြေပုံကို တရားဝင် ပူးတွဲထုတ်ပြန်ကြေညာခဲ့ကြသည်။

 

အမေရိကနိုင်ငံခြားရေး အတိုင်ပင်ခံ Derek Chollet သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက် နေ့က လည်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်တွေ့ဆုံကာ အကြမ်းဖက်စစ်တပ်က အာဏာ သိမ်းပြီးနောက် ၃ နှစ်အတွင်း တွေ့ကြုံခဲ့ရသည့် မြန်မာပြည်သူများ၏ အကြပ်အတည်းကိုဖြေရှင်းနိင် ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ယင်းတွေ့ဆုံပွဲတွင် NUG နှင့် K3C တို့ပူးတွဲထုတ်ပြန်သည့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေး ဘုံသဘောတူညီချက် လမ်းပြမြေပုံကို ထောက်ခံကြိုဆိုပါ ကြောင်း၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီရရှိရေးအတွက် ထောက်ပံ့ကူညီသွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံ Derek Chollet က ပြောဆိုခဲ့ကြောင်း သိရသည်။

Photo – ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်နေ့က NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် အမေရိကန် နိုင်ငံခြားရေးအတိုင်ပင်ခံ Derek Chollet တို့တွေ့ဆုံစဉ်

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရိုဟင်ဂျာ မွတ်ဆလင်များနှင့် အခြားလူနည်းစုများ၏ ပြသနာကို ဖြေရှင်းရာတွင် စစ်အာဏာရှင် စနစ် ကို ချုပ်ငြိမ်းနိုင်မှသာလျှင် ရလဒ်ကောင်းဖော်ဆောင်နိုင်မည်ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြော

ရိုဟင်ဂျာ မွတ်ဆလင်များနှင့် အခြားလူနည်းစုများ၏ ပြသနာကို ဖြေရှင်းရာတွင် စစ်အာဏာရှင် စနစ် ကို ချုပ်ငြိမ်းနိုင်မှသာလျှင် ရလဒ်ကောင်းဖော်ဆောင်နိုင်မည်ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြော

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မွတ်ဆလင်များနှင့် အခြားလူနည်းစုများ၏ ပြသနာကို ဖြေရှင်းရတွင် စစ် အာဏာရှင် စနစ်ကို ချုပ်ငြိမ်းနိုင်မှသာ ရလဒ်ကောင်းဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။ စက်တင်ဘာလ ၃၀ ရက်နေ့က နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင်...