Chaung U News

Chaung U News

ချောင်းဦး – မုံရွာလမ်းဘေးတွင် ကင်းပုန်းဝပ်နေသော စစ်သား ၃ ဦးကို မိုင်းဆွဲတိုက်ခိုက်မှု ၂ ဦး သေဆုံး

 

D Day News

ဇွန်လ ၂၁

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေးလမ်းပိုင်းတွင် ကင်းပုန်းဝပ်နေသော အကြမ်းဖက်စစ် သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Area 71 PDF တပ်ဖွဲ့ထံမှ သိရ သည်။

 

ယနေ့ ဇွန်လ ၂၁ ရက် နံနက် ၈ နာရီခန့်က မုံရွာ -ချောင်းဦးလမ်းပိုင်းကို ဖြတ်သန်းသွားလာသော အကြမ်းဖက်စစ်ကောင်စီ၏ ကြေးနီတင်ကားတန်းကို ကင်းစောင့်ပေးရန် ချောင်းဦးမြို့၊ မြပုလဲဂိတ်မှ ကန်တာအမျိုးအစား ၆ ဘီးကားဖြင့် လိုက်ပါလာပြီး ချောင်းဦး -မုံရွာ လမ်းဘေးဝဲယာသို့ ရောက်ရှိလာ သောအကြမ်းဖက်စစ်သား ၃ ဦးကို မိုင်းပွိုင့်နေရာအရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ မိုင်းဆွဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၂ ဦး နေရာမှာပင် ပွဲချင်းပြီး သေဆုံးပြီး ကျန် တစ်ဦးမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးဒဏ်ရာရ အကြမ်းဖက်စစ်သားများကို ချောင်း ဦးမြို့ဘက်မှ လာသည့် ကားတစ်စီးဖြင့် မုံရွာမြို့ဘက်သို့ သယ်ဆောင်သွားကြောင်း သိရသည်။

 

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို Area 71 PDF အဖွဲ့မှ ကြိုတင်ပြင်ဆင်ကာ အသင့်စောင့်ဆိုင်း တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
SAC News

SAC News

စစ်ကောင်စီ၏ တိုက်လေယာဉ် တစ်စီး ပဲခူးတိုင်းအတွင်း ပျောက်ဆုံးနေ   သံလွင်မြန်မာသတင်း ဇူလိုင်လ ၃   ပဲခူးတိုင်းအတွင်း၌ အကြမ်းဖက်စစ်ကောင်စီ၏ တိုက်လေယာဉ် တစ်စီး ပျောက်ဆုံးနေကြောင်း ယမန်နေ့ ဇူလိုင်လ ၂ ရက်နေ့တွင် စစ်ကောင်စီက တရားဝင် သတင်းထုတ်ပြန်သည်။   ဇူလိုင်လ ၁...