Gangaw News

Gangaw News

ဂန့်ဂေါမြို့နယ်၊ သာလင်းကျေးရွာအနီးတွင် စစ်တပ်က ပစ်ခတ်ထားသည့် မပေါက်ကွဲပဲ ကျန်ရှိနေ သော ၄၀ မမ လက်နက်ကြီး တစ်လုံးကို ဆော့ကစားမိရာက အသက် ၁၁ နှစ်အရွယ်ကလေးငယ် တစ်ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

 

D Day News

ဇွန်လ ၂၁

 

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ သာလင်းကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ်က ပစ်ခတ်ထားပြီး မပေါက်ကွဲပဲ ကျန်ရှိနေသည့် ၄၀ မမ လက်နက်ကြီးတစ်လုံးကို ဆော့ကစားမိရာက အသက် ၁၁ နှစ် အရွယ် ကလေးငယ်တစ်ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသနေပြည်သူများထံမှ သိရသည်။

 

ယနေ့ ဇွန်လ ၂၁ ရက် နံနက် ၉ နာရီခွဲခန့်က ဂန့်ဂေါမြို့နယ်၊ သာလင်းကျေးရွာအနီးတွင် တောင်ခင် ရမ်းရဲစခန်းအတွင်းမှ ပစ်ခတ်ထားပြီး မပေါက်ကွဲပဲ ကျန်ရှိနေသည့် ၄၀ မမ ဗုံးသီးတစ်လုံးကို တွေ့ရှိ သည့် နွားကျောင်းသား ညီအစ်ကို ၃ ဦးက တွေ့ရှိပြီး ဆော့ကစားမိရာ ပေါက်ကွဲခဲ့ပြီး အသက် ၁၁ နှစ် အရွယ် ကလေးတစ်ဦး သေဆုံးကာ အသက် ၁၄ နှစ်နှင့် အသက် ၁၁ နှစ်အရွယ် ကလေး ၂ ဦးတို့ အသက် အန္တရာယ် မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဒီမနက်ပိုင်း နွားကျောင်းသွားကြတဲ့ ကလေး ၃ ယောက် မပေါက်ကွဲပဲ ကျန်နေတဲ့ လက်နက်ကြီး ကျည်ကို ဆော့မိလို့ ညီအစ်ကို နှစ်ယောက်ထဲက ညီဖြစ်သူသေတယ်၊ အစ်ကိုဖြစ်တဲ့သူနဲ့ အခြား ကလေး တစ်ယောက်တော့ ဒဏ်ရာအနည်းစီရကြတယ်။ ရွာပြင်လေးမှာပဲ ဖြစ်သွားတာ၊ ပေါက်ကွဲသံ ကြားလို့ သွားကြည့်တော့မှ လက်နက်ကြီး အသီးတစ်လုံးကို ဆော့မိလို ပေါက်ကွဲမှန်းသိကြတာ” ဟု ဒေသနေ ပြည်သူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ သာလင်းကျေးရွာသည် တောင်ခင်ရမ်းကျေးရွာနှင့် ၂ ဖာလုံခန့်သာကွာဝေးပြီး တောင်ခင်ရမ်း ရဲစခန်းအတွင်း အကြမ်းဖက်စစ်သားများ အထိုင်ချထားခဲ့စဉ်က အနီးအနား ပတ်ချာလည်ကျေးရွာ များကို လက်နက်ကြီးများဖြင့် မကြာခဏပစ်ခတ်လုပ်ဆောင်ခဲ့ကြောင်း၊ တောင်ခရမ်း ရဲစခန်းမှ အ ကြမ်းဖက်စစ်သား၊ ရဲများသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့က စခန်းစွန့်ခွာကာ မြောက်ခင် ရန်းကျေးရွာအတွင်းသို့ သွားရောက် ပူးပေါင်းထားကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စာသင်ကျောင်းဆောင်းများဆိုးဆိုးရွားရွားပျက်စီး

သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စာသင်ကျောင်းဆောင်းများဆိုးဆိုးရွားရွားပျက်စီး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၀ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီ တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စာသင်ဆောင်များ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ကြောင်း ပြည်သူ့ကာကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်သည်။ ယမန်နေ့ စက်တင်ဘာလ ၉ ရက် မွန်းလွဲ ၁ နာရီ ၃၀...