Chaung U News

Chaung U News

ချောင်းဦးမြို့နယ်၊ ဘက်စုံမွေးမြူရေးတပ်အနီး ရိက္ခာပို့ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်မှု ကား ၃ စီး မီးလောင်ပျက်စီးပြီး စစ်သား ၄ ဦးထက်မနည်းသေဆုံး (ရုပ်သံ)

 

D Day News

ဇွန်လ ၂၁

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ် ဘက်စုံမွေးမြူရေးတပ် အနီးတွင် ရိက္ခာပို့ အကြမ်းဖက်စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ကား ၃ စီးမီးလောင်ပျက်စီးပြီး စစ်သား ၃ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း အနာက်လွင်ပြင်တော်လှန်ရေးအင်အားစု – NPRF ထံမှ သိရသည်။

 

ယမန်နေ့ ဇွန်လ ၂၀ ရက် နံနက် ၉ နာရီ ၄၀ မိနစ်အချိန်တွင် မုံရွာဘက်မှ ချောင်းဦးမြို့ဘက်သို့ ထွက် လာသည့် ကား ၅ စီးခန့်ပါ ရိက္ခာပို့ စစ်ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ဘက်စုံ မွေးမြူရေးတပ်အနီး အရောက်ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထောက်ပို့ယာဉ်တစ်စီးအပါအဝင် ကား ၃ စီး မီးလောင်ပျက်စီးပြီး ယာဉ်ပေါ်ပါ စစ်သား ၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

https://youtu.be/IcAYDNRyc7A

“လက်ပစ်ဗုံးနဲ့ အနီးပစ်ထည့်တာ အတော်ထိသွားတယ်၊ မီးတွေပါလောင်သွားတာ၊ လက်နက် ကောက်မလို့ နောက်ယာဉ်တန်းက တရစပ်ပစ်နေလို့ မကောက်လိုက်နိုင်ခဲ့ဘူး၊ ရဲဘော်တွေ အားလုံး ဘေးကင်းပါတယ်၊ လက်နက်ငယ်တစ်လက်တော့ ဆုံးရှုံးသွားတယ်၊ တိုက်ပွဲတွေက ဆက်ဖြစ်နေတဲ့ အတွက် အကူအညီတွေလည်း တကယ်လိုအပ်နေပါတယ်၊ ဒီတိုက်ပွဲဆိုလည်း တကယ်ထိရောက်မှုရှိ တယ်၊ ဒါပေမယ့် လက်နက်ငယ်တစ်လက်ဆုံးရှုံးလိုက်ရတဲ့အတွက် တလက်ဆို၊ တလက် ဆုံးရှုံးမှုက ကြီးမားပါတယ်” ဟု အနာက်လွင်ပြင်တော်လှန်ရေးအင်အားစု – NPRF မှတာဝန်ရှိသူ တစ်ဦးက  ပြောကြားသည်။

 

ထိုသို့ တိုက်ခိုက်မှုအပြီးတွင် အကြမ်းဖက်စစ်သားများက အနီးအနားပတ်ဝန်းကျင်ကို လက်နက်ကြီး အချက်ပေါင်းများစွာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို အနောက်မြောက်လွင်ပြင်တော်လှန်ရေးအင်အားစု – NPRF ၊ Chindwin Land Defence forces ၊ Aera 71 PDF ၊ Black Hero Local PDF ၊ Myingyan Danger Dynamite ၊ စည်းလုံးညီညွတ်သော ပြည်သူ့တပ်မတော်-UPA နှင့် PLA တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့သော်လည်း လက်နက်ငယ်တစ်လက် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုင်တွေ့ဆုံခွင့်ရရှိရေး သားဖြစ်သူ ကိုထိန်လင်း တောင်းဆို၊ အကျဉ်းထောင်အတွင်း၌ သေဆုံးသွားမှာ မဖြစ်စေချင်ဟု ပြော (ရုပ်သံ)

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုင်တွေ့ဆုံခွင့်ရရှိရေး သားဖြစ်သူ ကိုထိန်လင်း တောင်းဆို၊ အကျဉ်းထောင်အတွင်း၌ သေဆုံးသွားမှာ မဖြစ်စေချင်ဟု ပြော (ရုပ်သံ)

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၀ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုက်တွေ့ဆုံခွင့် ရရှိရေး သားဖြစ်သူ ကိုထိန်လင်းက တောင်းဆိုလိုက်ပြီး မိခင်ဖြစ်သူကို အကျဉ်းထောင်အတွင်း၌ သေဆုံးသွားမှာကို မဖြစ်စေချင်ကြောင်း ၎င်းက ပြောဆိုသည်။ အကြမ်းဖက်စစ်တပ် ပြောခွင့်ရ ပုဂ္ဂိုလ်က “ဒေါ်ဆောင်ဆန်းစုကြည်နေမကောင်းဘူး” ဆိုသည့် သ တင်း မှာ မှန်ကန်မှုမရှိဟု...