Seik Phyu News

Seik Phyu News

ဆိပ်ဖြူ၊ ကပစ ၂၂ မှ တပ်သားတစ်ဦး နွားအုပ်ဖြင့် ကင်းလှည့်စဉ် မိုင်းနင်းမိပြီး အပြင်းအထန်ဒဏ်ရာရ

 

D Day News

ဇွန်လ ၂၁

 

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကပစ ၂၂ မှ အကြမ်းဖက်စစ်သားတစ်ဦးသည် နွားအုပ်ဖြင့် ကင်းလှည့် ထွက်လာရာ နင်းမိုင်းကို နင်းမိပြီး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

 

ဇွန်လ ၁၉ ရက် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က ဆိပ်ဖြူမြို့နယ်၊ ကပစ ၂၂ မှ အကြမ်းဖက်စစ်သား တစ်ဦးသည် နွားကျောင်းသားဟန်ဆောင်ကာ နယ်မြေကင်းလှည့်စဉ် ဆိပ်ဖြူမြို့မြောက်ပိုင်း တပ်ရင်း ၄ မှ မုန်တိုင်းအဖွဲ့နှင့် တကိုယ်တော်ကျားဆိုးတို့ပူးပေါင်းကာ ထောင်ထားသည့် မိုင်းကို တက်နင်းမိပြီး အပြင်းအထန် ဒဏ်ရာရရှိကာ ကပစ ၂၂ တပ်ရင်းအတွင်း ဆေးကုသနေကြောင်း သိရသည်။

 

“ကပစ ၂၂ က စခတစ်ဦး နွားကျောင်းရင်း ကင်းပတ်တာ မိုင်းနင်းမိပြီး ဒဏ်ရာအပြင်းအထန် ရသွား တယ်၊ သူတို့ ကပစ ၂၂ ထဲမှာ ဆေးကုနေတယ်၊ မိုင်းထောင်တဲ့နေရာက ကပစ ၂၂ ရဲ့အစပ်နေရာမှာ ပဲ။ နွားအုပ်နဲ့ ကင်းပတ်တာကို နွားတွေတော့ မထိဘူး။ စခပဲ နင်းမိတာ။” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောဆိုသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စာသင်ကျောင်းဆောင်းများဆိုးဆိုးရွားရွားပျက်စီး

သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စာသင်ကျောင်းဆောင်းများဆိုးဆိုးရွားရွားပျက်စီး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၀ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီ တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စာသင်ဆောင်များ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ကြောင်း ပြည်သူ့ကာကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်သည်။ ယမန်နေ့ စက်တင်ဘာလ ၉ ရက် မွန်းလွဲ ၁ နာရီ ၃၀...