Yangon News

Yangon News

မှော်ဘီမြို့နယ်ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်း ကျောင်းကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်

 

D Day News

ဇွန်လ ၂၁

 

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်း ကျောင်း ကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်မှုများရှိကြောင်း Operation Flame ထံမှ သိရသည်။

 

ယမန်နေ့ ဇွန်လ ၂၀ ရက်နေ့ ည ၇ နာရီအချိန် မှော်ဘီမြိုနယ်၊ ရန်ကုန်-ပြည်လမ်းပေါ်ရှိ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ကို အဝေးထိန်းမိုင်းအသုံးပြုပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်မှုရှိပြီး အသေးစိတ်အခြေအနေကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရ သည်။

 

“ဖောက်ခွဲမှုအပြီး ရန်သူထိခိုက်မှုရှိပါတယ်။ အသေးစိတ်အခြေအနေကိုတော့ စုံစမ်းနေဆဲပါဗျ။ ဖောက်ခွဲမှုအပြီး မှော်ဘီတိုးဂိတ်အကျော် ရန်ကုန်အဝင်ဘက်အခြမ်းမှာ စစ်ခွေးတွေက ကားတွေ တားစစ်ခဲ့တယ်လို့လည်း မြေပြင်သတင်းပေးတွေအရ သိရှိပါတယ်” ဟု Operation Flameမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ က ပြောကြားသည်။

 

အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုကို Operation Flame (OF)မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်ဆင်ရေး လုပ်ဆောင်ခဲ့သော ရဲဘော်များ တော်လှန်ရေးအဖွဲသားများအားလုံး ဘေးကင်းရာသို့ ရောက်ရှိခဲ့ပြီ ဖြစ်ကြောင်း၊ ဆက်လက်၍ ရန်ကုန်တော်လှန်ရေးမဟာမိတ်များအားလုံးနှင့် အတူလက်တွဲကာ အ ကြမ်းဖက်စစ်တပ်ကို အရှိန်မြင့်တိုက်ခိုက် ချေမှုန်းသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စာသင်ကျောင်းဆောင်းများဆိုးဆိုးရွားရွားပျက်စီး

သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စာသင်ကျောင်းဆောင်းများဆိုးဆိုးရွားရွားပျက်စီး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၀ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီ တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စာသင်ဆောင်များ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ကြောင်း ပြည်သူ့ကာကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်သည်။ ယမန်နေ့ စက်တင်ဘာလ ၉ ရက် မွန်းလွဲ ၁ နာရီ ၃၀...