Minkin News

Minkin News

မင်းကင်းမြို့နယ်၊ ကံရွာ စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှု စစ်သား၊ ပျူ ၄ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

 

D Day News

ဇွန်လ ၂၀

 

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ကံရွာ စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား၊ ပျူ ၄ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦး PRF ထံမှ သိရသည်။

 

ဇွန်လ ၁၂ ရက် နံနက် ၄ နာရီ မိနစ် ၅၀ အချိန်တွင် စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ကံရွာ အကြမ်း ဖက်စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁၅ မိနစ်ခန့်ကြာပြီး အကြမ်းဖက်စစ်သား၊ ပျူများအားလုံး စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း၊ အကြမ်းဖက်စစ်သား ၁ ဦးနှင့် ပျူ ၃ ဦးသေဆုံးခဲ့ပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (S.R.F) ၊ ပြည်သူ့တော်လှန်ရေး တပ်ဦး (P.R.F) နှင့် Min Kin Local PDF Unionတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။

 

ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား၊ ပျူများအသုံးပြုသော Carbine သေနတ် ၁ လက်၊ Carbine ကျည်ဘောက် ၃ ခု၊ ပွိုင့် ၃၀ (.30) ကျည် ၂၅၉ တောင့်၊ ၅မ ဒသမ ၅၆ – 5.56 (ကပစ) အတောင့် ၄၀ တောင့်၊ 7.62(ကပစ) အတောင့် (၃၃၀) ၊ BA-63 ကျည်ဘောက် ၂ ခု၊ ရှေ့ ထွက်မိုင်း (၃) လုံး၊နင်း မိုင်း (၇) လုံး၊ လက်ပစ်ဗုံး (၁) လုံး နှင့် Drone Jammer (၁) လုံး သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

 

အာလးတူ တိုက်ပွဲဖြစ်ပွားရာအနီးအနားမှ စစ်တပ်စခန်းများဖြစ်သော ကျေးတောင်ဦးနှ့င် မင်းကင်း မြို့ တို့တို့ရှိ အကြမ်းဖက်စစ်သားများကို Drone ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စာသင်ကျောင်းဆောင်းများဆိုးဆိုးရွားရွားပျက်စီး

သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စာသင်ကျောင်းဆောင်းများဆိုးဆိုးရွားရွားပျက်စီး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၀ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီ တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စာသင်ဆောင်များ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ကြောင်း ပြည်သူ့ကာကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်သည်။ ယမန်နေ့ စက်တင်ဘာလ ၉ ရက် မွန်းလွဲ ၁ နာရီ ၃၀...