NUG News

NUG News

ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံ ဆရာတော်ဘုရားကြီးကို စစ်တပ်က ပစ်သတ်ကာ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့ရုံ သာမက အမှန်ကို ဝန်မခံပဲ ဗြောင်ကျကျ နိုင်ငံနှင့်ပြည်သူကို လိမ်လည်လှည့်ဖြားသတင်းထုတ်ပြန်ပြီး မသက်ဆိုင်သူကို အပြစ်လွှဲချခြင်းသည် အရှက်တရားကင်းမဲ့သော လုပ်ရပ်ဟု NUG အစိုးရ ထုတ်ပြန်

 

D Day News

ဇွန်လ ၂၀

 

ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံ ဆရာတော်ဘုရားကြီးကို စစ်တပ်က ပစ်သတ်ကာ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့ရုံ သာမက အမှန်ကို ဝန်မခံပဲ ဗြောင်ကျကျ နိုင်ငံနှင့်ပြည်သူကို လိမ်လည်လှည့်ဖြားသတင်းထုတ်ပြန်ပြီး မသက်ဆိုင်သူကို အပြစ်လွှဲချခြင်းသည် အရှက်တရားကင်းမဲ့သော လုပ်ရပ်ဖြစ်ပြီး ပြင်ထန်းစွာဆန့် ကျင်ရှုံ့ချကြောင်း NUG အစိုးရက ထုတ်ပြန်ပြောဆိုသည်။

 

ယမန်နေ့ ဇွန်လ ၁၉ ရက် နံနက် ၁၀ နာရီအချိန်တွင် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ကန်သုံးဆင့် ပရိယတ္တိ စာသင်တိုက် ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသ မဟန(ငြိမ်း)နှင့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်း ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ မဟန(ငြိမ်း) ဆရာတော် (၂)ပါးတို့ သည် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ မဟာဝိသုဒ္ဓါရုံတိုက်သစ် (ရွှေကျင်နိကာယဗဟိုဌာန)၌ ဇွန်လ ၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ရွှေကျင်နိကာယဗဟိုဌာန၏ အစည်းအဝေးသို့ တက်ရောက်ရန် ရန်ကုန်မြို့မှ လေယာဉ် ဖြင့် တံတားဦးလေဆိပ်သို့ ကြွရောက်လာခဲ့ကြောင်း သိရသည်။

 

ထိုသို့ ကြွရောက်လာခဲ့ရာ တံတားဦးလေဆိပ်သို့ရောက်ရှိပြီး ကံသုံးဆင့်ဆရာတော်၏ ဒါယိကာမမှ ဆွမ်းကပ်ကာ ကံသုံးဆင့် ဆရာတော်ဇာတိ ဖြစ်သော ငါန်းဇွန်မြို့နယ်၊ ပန်းချီကမ္မရွာသို့ ကားဖြင့် သွားရောက်စဉ် မြို့သာနှင့် ပန်းချီကမ္မရွာကြားအရောက် ဖောကားဖြင့် ကင်းလှည့်နေသော အကြမ်း ဖက်စစ်သားများက ပစ်ခတ်ခဲ့ရာ ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်း ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသသည် အခင်းဖြစ်ရာနေရာတွင် ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။

“တပည့်တော်တို့ ကား ဆရာကလည်း FAW ကားကို ဘေးချပြီးတော့ အတင်းမောင်းတာပါပဲ။ အဲသ လို အတင်းမောင်းတဲ့ အခါမှာ FAW ကားပေါ်ကနေ သေနတ်နဲ့ ဝိုင်းပစ်ပါတယ်၊ ကားမှာ ၇ ချက် ၈ ချက်လောက်မှန်ပါတယ်။ အဲလိုပစ်တဲ့ အခါမှာ ဘုရားတပည့်တော်လည်း ဘာမှ မသိ သူ့လည်းဘာမှ မသိ ဘုရားတပည့်တော်က တံခါးဖွင့်ပြီးတော့ အပြင်ဘက် ထွက်လိုက်ပါတယ်။ ဘုရားတပည့် တော်ရဲ့ သင်္ဃန်းတွေ သွေးတွေ အလိတ်လိတ် အကပ်ကပ် ဖြစ်နေပါတယ်။ အဲလိုဖြစ်နေတာ့ ကားထဲ ကြည့်လိုက်တဲ့အခါ အရှင်ဘုရားတို့ရဲ့ ညီတော် နောင်တော် ဒကာဒကာမ တို့ရဲ့ ဆရာတော်ဖြစ်တဲ့ ဝင်းနိမ္မိတာရုံ ဆရာတော်က ခေါင်းငိုက်စိုက်ကျပြီးတော့ အသက်မရှိတော့ပါဘူး။ ဝိုင်းပြီးတော့ Faw ကားပေါ်ကနေ ပစ်လိုက်တာ ၇ ချက် ၈ ချက်လောက်ရှိပါတယ်။ ဝင်းနိမ္မိတာရုံ ဆရာတော်ကတော့ တစ်ဘဝ တစ်ခန္ဓာ ရုပ်သိမ်းသွားပါတယ် ဘုရား ဘုရားတပည့်တော်ကတော့ ခေါင်းပဲ ကားရဲ့ မှန်စထိ ပါတယ်။ ဘုရားတပည့်တော် အပြင်ဘက်ရောက်တဲ့အခါ ခင်ဗျာတို့ ရက်စက်လှချီလာဗျာ ဘုန်းကြီး တွေ ဒီလောက်ရက်စက်ရသလားလို့ FAW ကားပေါ်မှာပါတဲ့ ရှင်းရှင်းပြောရရင် စစ်ဗိုလ်စစ်သားတွေ ပေါ့။ ရက်စက်လှချီလားဆိုတော့ အရှင်ဘုရားတို့က ဘုရား ဘုန်းကြီးမှန်း မသိလို့ပါ။ ကားတံခါးလည်း ပိတ်ထားတော့ ရန်သူကားလို့ ထင်လို့ ပစ်ပါတယ် ဘုရား သူတို့ ကိုယ်တိုင် ဝန်ခံပါတယ်” ဟု ပစ်ခတ် ခံရမှုကို ကိုယ်တိုင်ခံစားခဲ့ရသည့် ကန်သုံးဆင့်၊ ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဂုဏိကာ ဘိဝံသက ယနေ့ ဇွန်လ ၂၀ ရက်နေ့တွင် မိန့်ကြားခဲ့သည်။

 

ထိုသို့ အကြမ်းဖက်စစ်သားများက ပစ်ခတ်ခဲ့သော်လည်း အကြမ်းဖက်စစ်လောဘီမီဒီယာများမှ တဆင့် အကြမ်းဖက်စစ်ကောင်စီက PDF တပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် နိုင်ငံတော်သံဃာ့နာယက အဖွဲ့ဝင် ၊ ပဲခူးမြို့ ဝင်းနိမ္မိတာရုံ ကျောင်း တိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာ ဘိဝံသ ပျံလွန်တော်မူရသည် ဟု လိမ်လည် ဝါဒဖြန့်ခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီသည် စစ်ရာဇဝတ်မှုတစ်ခုကို ဗြောင်ကျကျ ကျူးလွန်ခဲ့ရုံမက အမှန်ကို ဝန်မ ခံခြင်း၊ နိုင်ငံနှင့် ပြည်သူကို လိမ်ညာလှည့်ဖျား၍ သတင်းထုတ်ပြန်ခြင်း၊ မသက်ဆိုင်သူကို အပြစ်လွှဲချ ခြင်းသည် အကြမ်းဖက် စစ်ကောင်စီ၏ ဟိရိသြတ္တပ္ပတရား ကင်းမဲ့သော အပြုအမူများ ဖြစ်သည့် အတွက် ပြင်းထန်စွာ ဆန့်ကျင်ရှုံ့ချကြောင်း NUG အစိုးရ က သတင်းထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စာသင်ကျောင်းဆောင်းများဆိုးဆိုးရွားရွားပျက်စီး

သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စာသင်ကျောင်းဆောင်းများဆိုးဆိုးရွားရွားပျက်စီး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၀ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီ တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စာသင်ဆောင်များ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ကြောင်း ပြည်သူ့ကာကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်သည်။ ယမန်နေ့ စက်တင်ဘာလ ၉ ရက် မွန်းလွဲ ၁ နာရီ ၃၀...