Chaung U News

Chaung U News

ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ်တွင် ကြေးနီတင်စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး ကားတစ်စီးပျက်စီး

 

D Day News

ဇွန်လ ၁၉

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ်တွင် အကြမ်းဖက်စစ်တပ် ကြေးနီတင် စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးခဲ့ပြီး ကားတစ်စီး ပျက်စီးခဲ့ ကြောင်း People’s Defence Force – South Monywa တပ်ဖွဲ့ထံမှ သိရသည်။

 

ဇွန်လ ၁၇ ရက် ညနေ ၅ နာရီ ၅၄ မိနစ်အချိန်တွင် ဝမ်ပေါင်မှ ထွက်လာသော အကြမ်းဖက်စစ်ကား ၅ စီးနှင့် Jammer ကားတစ်စီးအနက် ၃ စီးမြောက် ကြေးနီတင်တွဲကားကို ချောင်းဦးမြို့နယ်၊ နတ်ရေ ကန်ကျေးရွာနှင့် ရေပိုးစားကျေးရွာကြား အရောက် ကင်ပုန်းအထပ်ထပ်ကြားမှ ပဒေသာမိုင်း ၃ လုံး ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကားခေါင်းခန်းကို ထိထိမိမိ ထိမှန်ခဲ့ပြီး ခေါင်းခန်းအတွင်းလိုက်ပါ လာ သော အကြမ်းဖက်စစ်သားတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“ပထမသွား ကပ်တုန်းက ကင်းပုန်းနဲ့ ထပ်တိုက်တိုးလို့ ပြန်ဆုတ်လာရတာ၊ နောက်တစ်ကြိမ် တခြား ဘက်ကနေ ရအောင်ပြန်ကပ်ပြီး ခွဲခဲ့ရတာ။ ကားကတော့ ခေါင်းခန်းတော်တော်ထိသွားတယ်၊ ခေါင်း တခြား ကိုယ်တခြားဖြစ်သွားတယ်လို့ သိရတာ၊ တခြားနေရာတွေကလည်း မိုင်းဆွဲတိုက်ခိုက်တာတွေ ရှိတယ်၊ အားလုံး ကား ၃ စီးပျက်စီးတယ်လို့ သတင်းထပ်ရတယ်၊ နဘဲကြူးနဲ့ ပျော့ရွာကြားမှာ မိုင်း ထပ်ထိပြီးတော့ ကားတွေ အဲနားရပ်ထားရတယ်၊ ညောင်ပင်ဝန်းနဲ့ ပျော့ရွာကြားတလျှောက်မှာလည်း စစ်ခွေးတွေ ခြေရှုတ်နေတယ်လို့ ကြားသိရပါတယ်” ဟု Daung Karyan က ပြောကြားသည်။

 

မိုင်းထိမှန်သွားသော ကား၏ ခေါင်းခန်းအတွင်းမှ မီးခိုးများ အူထွက်ကာ ဒယီးဒယိုင်ဖြင့် မောင်းနှင် သွားပြီး အကြမ်းဖက်စစ်သား ကင်းပုန်းများက လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း – People’s Defence Force – South Monywa တပ်ဖွဲ့ ၊ နွေဦးလူငယ် People’s Defence Force ၊ တောသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Myinmu Local Defence Force၊ Pentagram၊ နှင့် မြန်မာအစ္စလာမ်အထူးကွန်မန်ဒိုတပ်ဖွဲ့တို့ ပူး ပေါင်းကာ တိုက်ခဲ့ခြင်းဖြစ်ပြီးကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စာသင်ကျောင်းဆောင်းများဆိုးဆိုးရွားရွားပျက်စီး

သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စာသင်ကျောင်းဆောင်းများဆိုးဆိုးရွားရွားပျက်စီး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၀ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီ တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စာသင်ဆောင်များ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ကြောင်း ပြည်သူ့ကာကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်သည်။ ယမန်နေ့ စက်တင်ဘာလ ၉ ရက် မွန်းလွဲ ၁ နာရီ ၃၀...