Myawaddy News

Myawaddy News

မြဝတီမြို့တောင်ဘက်ရှိ စစ်သား အင်အား ၅၀ ခန့်ဖြင့် တပ်စွဲထားသော စုကလိစခန်းကို သိမ်းပိုက် ရရှိ (ရုပ်သံ)

 

D Day News

ဇွန်လ ၁၉

 

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တောင်ဘက်ရှိ စစ်သား အင်အား ၅၀ ဝန်းကျင်ဖြင့် တပ်စွဲထားသော စစ်ကောင်စီ၏ စုကလိစခန်းကို သိမ်းပိုက်ရရှိခဲ့ကြောင်း Special Operation Group – SOG ထံမှ သိရသည်။

 

ဇွန်လ ၁၇ ရက်နေ့ နံနက် ၇ နာရီမှစတင်ပြီး မြဝတီမြို့တောင်ဘက်ရှိ စုကလိစခန်းကို စတင်တိုက် ခိုက်ခဲ့ရာ ဇွန်လ ၁၈ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စခန်းစွန့်ခွာ ထွက်ပြေးခဲ့သဖြင့် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ စခန်းသိမ်းပိုက်ရရှိမှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားထိခိုက်သေဆုံးမှုကို အတိအကျ သိရှိရခြင်းမရှိသေးပဲ အကြမ်းဖက် စစ်သားများက မြေမြှုပ်ထားခဲ့သည့် ခဲယမ်းများကို ရှာဖွေ သိမ်း ဆည်း လျက်ရှိပြီးစာရင်းအတိအကျ သိရှိရခြင်းမရှိသေးကြောင်း၊ထို့အပြင် စခန်းစွန့်ခွာထွက်ပြေး သွားသော အကြမ်းဖက်စစ်သားများိကု လိုက်လံရှင်း လင်းလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်သိမ်းပိုက်မှုကို Special Operation Group – SOG နှင့် KNLA တော်လှန်ရေး ပူး ပေါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး SOG မှ ရဲဘော်များ ၇ ဦး နှင့်အထက် ထိခိုက် ဒါဏ်ရာ အနည်းငယ် ရရှိထားကြောင်း သိရသည်။

 

SOG အနေဖြင့် မေလတွင် ဖိုးချိမှူးစခန်း၊ ဇွန်လတွင် စုကလိစခန်းတို့ကို သိမ်းပိုက်ခဲ့ပြီး အခြားသော မြေပြင်လှုပ်ရှားမှု စစ်ဆင်ရေးများ လုပ်ဆောင်လျက်ရှိကြောင်း၊ SOG တပ်ဖွဲ့မှ ရဲဘော်များမှာ ကျည် ကာ အင်္ကျီ၊ ကျည်ကာဦးထုပ်များ တပ်ဆင်နိုင်ရန် လိုအပ်လျက်ပြီး တော်လှန်ရေး ရဲဘော်များ ဖန်တီး ထားသော “စစ်သည်တော်တို့ တေးသွား” Music Album ရောင်းချသော ကမ်းပိန်းတွင် ပါဝင် အားဖြည့် နိုင်အသိပေးထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၇၀ ကျော်သေဆုံးပြီး လက်နက်ခဲ ယမ်း အများ အပြား သိမ်းဆည်းရရှိ

ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၇၀ ကျော်သေဆုံးပြီး လက်နက်ခဲ ယမ်း အများ အပြား သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၀ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၇၀ ကျော်သေဆုံးကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း အာရက္ခတပ်တော် -AA က ထုတ်ပြန်သည်။ စက်တင်ဘာလ ၄ ရက်နေ့က ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၂၈၀၀ ခန့်...