Yangon News

Yangon News

န်ကုန်မြို့တွင်း တနေရာ၌ “SUU” စာသားကိုင်ဆောင်ကာ တကိုယ်တော်ဆန္ဒပြ

 

D Day News

ဇွန်လ ၁၉

 

ရန်ကုန်မြို့တွင် ဒေါ်အောင်ဆန်းစုကြည်၏ (၇၉) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အနေဖြင့် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲအစည်း)မှ  “SUU ” စာသားအားကိုင်ဆောင်၍ တကိုယ်တော်ဆန္ဒပြ လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

 

စစ်အစိုးရခေတ်အဆက်အဆက် တုန်လှုပ်ခြောက်ခြားစွာ “သူမ” “အမျိုးသမီး” “မိန်းမကြီး” “ဦး အောင်ဆန်း သမီး” လို စစ်တပ်အသိုင်းအဝိုင်းက သုံးနှုန်းခေါ်ဆိုခဲ့ကြတဲ့ သံမဏိနှင်းဆီ ဒေါ်အောင် ဆန်းစုကြည်ဟာ ဒီနေ့ဆို (၇၉) နှစ်ပြည့်ခဲ့ပါပြီ။ ဒါကြောင့် ကျွန်မတိုရေဘဝဲအနေနဲ့ စစ်ဘီလူး ဖက် ဆစ်မိစ္ဆာတွေ ကြောက်ဒူးတုန်စေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမည်တို “စု” ဆိုတဲ့ စာလုံး နဲ့ လူထု တရပ်လုံးပါဝင်ဆင်နွှကြမဲ့ ပန်းသပိတ် (ဝါ) သံမဏိနှင်းဆီရဲ့သင်္ကေတ ” နှင်းဆီပန်းပွင့်ပုံ” ကို နှစ်ခုပေါင်းစပ်ကိုင်ဆောင်ပြီး တကိုယ်တော်လှုပ်ရှားမှုပြုလုပ်ရခြင်းဖြစ်ပါတယ်။” ဟု ရေဘဝဲပြည်သူ အကျိုးပြုလူငယ်အဖွဲ့အစည်းက ပြေဆိုသည်။

မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ နိုင်ငံရေးအကျဥ်းသားအားလုံး အချုပ်အနှောင်များမှ အမြန်ဆုံးလွတ်မြောက်ပါစေကြောင်း၊ ဘုန်းကံကြီးပြီး သက်တော်ရာကျော်ရှည်ပါစေကြောင်း လူထု နှင့် အတူ ရေဘဝဲပြည်သူ့ အကျိုးပြုလူငယ်အဖွဲ့အစည်းက မွေးနေ့ဆုမွန်ကောင်း တောင်းပေး ထား သည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စာသင်ကျောင်းဆောင်းများဆိုးဆိုးရွားရွားပျက်စီး

သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စာသင်ကျောင်းဆောင်းများဆိုးဆိုးရွားရွားပျက်စီး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၀ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီ တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စာသင်ဆောင်များ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ကြောင်း ပြည်သူ့ကာကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်သည်။ ယမန်နေ့ စက်တင်ဘာလ ၉ ရက် မွန်းလွဲ ၁ နာရီ ၃၀...