Pakokku News

Pakokku News

ကမ္မမြို့မှ တွင်းမပျူရွာသို့ ထွက်လာသည့် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး (ရုပ်သံ)

 

D Day News

ဇွန်လ ၁၈

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့မှ တွင်းမပျူရွာသို့ ထွက်ခွာလာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း မြိုင် ပကဖထံမှ သိရသည်။

 

ယမန်နေ့ ဇွန်လ ၁၇ နံနက် ၉ နာရီခန့်က ပခုက္ကူမြို့နယ်၊ ကမ္မမြို့မှ တွင်းမပျူရွာဘက်သို့ ထွက် လာသာ အကြမ်းဖက်စစ်ကား ၉ စီးနှင့်အတူ လုံခြုံရေးလိုက်ပါလာသည့် စစ်ကြောင်းကို လမ်းတ လျှောက် ဒရုန်းဖြင့် ဗုံးသီး အလုံး ၃၀ ခန့်ကြဲချတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၁၁ ဦးခန့် အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

https://youtu.be/WyKrQOgCeWQ

အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ၊ Black Cobra (ကမ္မတပ်ပေါင်းစု)၊ DMG (ဓားမင်းကြီး)၊ PKU Thurain၊ Young Force UG၊ အညာမြေပြောက်ကျားတပ်ဖွဲ၊ Kamma Defense Force (KMDF)၊ Kamma Underground (ကမ္မတပ်ပေါင်းစု)၊ Pakokku People Defense Force (PPDF)၊ ဂဠုန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် Phoenix People’s Denfese Force (ဂဠုန်တပ်ခွဲ-၂) တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magway News

Magway News

ပခုက္ကူမြို့နယ်၊ အရှေ့ဘုန်းကံကျေးရွာအထိုင်ချထားသော စစ်တပ်စခန်းကို လက်နက်ကြီးဖြင့် တိုက် ခိုက်မှု စစ်သား ၁ ဦးသေဆုံး (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇူလိုင်လ ၂၁ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အရှေ့ဘုန်းကံကျေးရွာ၌ အထိုင်ချတပ်စွဲထားသော စစ်တပ်စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း Southern...