Pale News

Pale News

ပုလဲမြို့ပေါ်ရှိ မြို့မရဲစခန်း၊ ထွေအုပ်ရုံးတို့ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံး

 

D Day News

မတ်လ ၂၉

 

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ် တပ်စွဲထားသော ပုလဲမြို့မရဲစခန်းနှင့် အထွေ ထွေအုပ်ချုပ်ရေးမှူးရုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦး သေဆုံးခဲ့ကြောင်း 96 Solider အညာဒေသတပ်ဖွဲ့က ထုတ်ပြန်သည်။

 

မတ်လ ၂၇ ရက်နံနက် ၈ ခွဲခန့်စတင်၍ အကြမ်းဖက်စစ်သားများတပ်စွဲထားသည့် ပုလဲမြို့မရဲစခန်းနှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှိ စစ်သားများကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ဝင် ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မွန်းလွဲ ၁ နာရီအထိ ဖြစ်ပွားခဲ့ပြီး စစ်သား ၈ ဦး သေဆုံးကာ ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ပွဲအတွင်း ပုလဲမြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ်ထောက်တိုင် လဝကရုံးအတွင်းမှ ပစ္စည်း အချို့ သိမ်းဆည်း နိုင်ခဲ့ကြောင်း၊ 96 Soldiers – PDF (အညာဒေသ)မှ ရဲဘော် ၃ ဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့ ကာကွယ်ရေး ပူပေါင်းတပ်ဖွဲ့မှ ရဲဘော် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုတိုက်ခိုက်မှု ကို 96 Soldiers – PDF(အညာဒေသ)၊ ကျားသစ်နက်တပ်မတော် Black Leopard Army ၊ ယင်းမာပင်ခရိုင် အမှတ် ၁၁ တပ်ရင်း၊ ပခုက္ကူခရိုင် အမှတ် ၁၅ တပ်ရင်း၊ ကျားသစ်နက် တပ် မတော် မြိုင်တပ်ခွဲ ၊ တိုးနယား တပ်ဖွဲ့၊ ယင်းမာပင်ခရိုင် အမှတ် ၁၂ တပ်ရင်း ၊ ယင်းမာပင်ခရိုင် အမှတ် ၂၉ တပ်ရင်း၊ ဒေါင်းမင်း ပြောက်ကျားတပ်ဖွဲ့၊ ဒို့အညာပြောက်ကျားတပ်ဖွဲ့ နှင့် Scarlet တပ်ဖွဲ့ တို့ ပူးပေါင်းကာ တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင် မင်းဘူးမြို့သို့ ရောက်ရှိနေသည်ဟု မြို့ကို ပိတ်ဆို့ထား

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင် မင်းဘူးမြို့သို့ ရောက်ရှိနေသည်ဟု မြို့ကို ပိတ်ဆို့ထား

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၈ မကွေးတိုင်း၊ မင်းဘူးမြို့သို့ အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရောက်ရှိနေသည်ဟုဆိုကာ တစ်မြို့လုံး ကို ပိတ်ဆို့ထားခဲ့ကြောင်း ဒေသနေ ပြည်သူများထံက သိရသည်။ ယနေ့ဩဂုတ်လ ၁၈ ရက်နေ့တွင် မကွေးပညာရေးကောလိပ်သို့ လာရောက်ခြင်းဖြစ်ပြီး အလားတူ မင်းဘူးမြို့အထွက်ရှိ ကျေးရွာတစ်ရွာ၌ လည်း သစ်ပင်စိုက်ပျိုးရန် ရောက်ရှိနေခြင်းဖြစ်ကြောင်း၊ ထို့ သို့...