Tharyarwaddy News

Tharyarwaddy News

ပဲခူးရိုးမ အတွင်း ၄ ရက်ဆက် တိုက်ပွဲဖြစ်ပြီး စစ်သား ၁၈ ဦးသေဆုံးကာ PDF ရဲဘော် ၁ ဦးကျဆုံး

 

D Day News

ဇွန်လ ၁၇

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ပဲခူးရိုးမအတွင်း၌ ၄ ရက်ဆက် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၁၈ ဦး သေဆုံးကာ PDF ရဲဘော် ၁ ဦးကျဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF အမှတ် ၁ တပ်ရင်းထံမှ သိရသည်။

 

ဇွန်လ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့ထိ သာယာဝတီခရိုင်၊ ပဲခူးရိုးမပေါ်ကို စစ်ကြောင်း ထိုးတတ်လာ သည့် အင်အား ၉၀ ခန့်ပါ အကြမ်းဖက် စစ်တပ်စစ်ကြောင်းကိုသာယာဝတီခရိုင် တပ်ရင်း (3801) တပ်ခွဲ-5 ကြို့ပင်ကောက် (HERO) ပြောက်ကျား ၊ တပ်ခွဲ-1 YOMA (GBK) PDF ၊ တပ်ခွဲ-2 (Phoenix DF) ၊ တပ်ခွဲ-4 (BRA) ၊ သာယာဝတီခရိုင် တပ်ရင်း (3802) တပ်ခွဲ-4 မြေအောက်ပြောက်ကျား (အုတ်ဖို) ၊ နတ်တလင်းမြို့ (ပကဖ) ဧရာညီနောင်စစ်ကြောင်းနှင့် ပဲခူးခရိုင်တပ်ရင်း (3701) တပ်ခွဲ-2 BTZM (GBK) PDF ရိုးမညီနောင် မဟာမိတ်တပ်ပေါင်းစုတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ထိတွေ့ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၈ ဦးသေဆုံးကာ ၁၀ ဦးခန့် ပြင်း ထန် ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော် ၁ ဦး ကျဆုံးကာ တပ်ခွဲ-1 YOMA (GBK) ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော် ၁ ဦးလည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထို့ပြင်အကြမ်းဖက် စစ်တပ် စစ်ကြောင်းက တော်လှန်ရေး တပ်ဖွဲ့များ၏ စခန်းတစ်ခုကို မီးရှို့ဖျက် ဆီးခဲ့ပြီး တဲ ၃၂ လုံး မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

 

တော်လှန်ရေး ညီနောင်မဟာမိတ် တပ်ပေါင်းစုက အကြမ်းဖက် စစ်တပ်နှင့် ၎င်းတို့ ထောက်တိုင် ပျူ စောထီး များကို ဆက်လက် တိုက်ခိုက် ချေမှုန်းသွားမည်ဖြစ်ကြောင်း သာယာဝတီခရိုင် PDF တပ်ရင်း ၁ က အသိပေးထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

ပြင်ဦးလွင် ၊ ပုသိမ်ကြီး၊ မတ္တရာနှင့် နောင်ချိုမြို့နယ်တို့အတွင်းရှိ စစ်ကောင်စီတပ်၏ လူ ၊ လက်နက်၊ ခဲယမ်းတိုက် တည်နေရာများကို အတိအကျ သတင်းပေးနိုင်သူအား ထိုက်ထိုက်တန်တန် ဆုငွေချီး မြှင့်မည်   သံလွင်မြန်မာသတင်း ဇူလိုင်လ ၂၉   မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ မတ္တရာမြို့နယ်နှင့်...