Dawei News

Dawei News

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာအတွင်း ပြည်သူပိုင်ပစ္စည်းဝင်ခိုးသည့်စစ်သားများနှင့် ကင်းပုန်း စစ်သားများကို တိုက်ခိုက်မှု ၁၁ ဦးသေဆုံး

 

D Day News

ဇွန်လ ၁၇

 

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအတွင်း ဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းများကို ခိုးယူသော စစ်သားများနှင့် ကင်းပုန်းစစ်သားများကို တိုက်ခိုက်ခဲ့ရာ အ ကြမ်းဖက်စစ်သား ၁၁ ဦးသေဆုံးခဲ့ကြောင်း ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ဇွန်လ ၁၄ ရက်နေ့ နံနက် ၁၁ နာရီခန့်က ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာအတွင်း ပြည်သူများ ၏ ဆိုင်ကယ်နှင့် အိမ်တွင်း ပစ္စည်းများအား လာရောက်ခိုးယူနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ် သားများကို ဝင်ရောက် ပစ်ခတ်တိုက် ခိုက်ရာ အပြန်အလှန်ပစ်ခတ်မှု ၁၀ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စစ် သား ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

https://youtu.be/5q7BM5Mlpw0

ထို့အပြင် ဇွန်လ ၁၅ ရက်၊ နံနက် ၁၀ နာရီ ဝန်းကျင်ခန့်တွင် ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာနှင့် ဇဟာရွာအကြား တံတားဖြူအနီးတွင် ကင်းပုန်းယူနေသည့် အကြမ်းဖက် စစ်ကောင်စီတပ်သား များ ကို အနီးကပ် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပစ်ခတ်မှုကြာချိန် ၃၀ မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး အကြမ်း ဖက် စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၊ ရေဖြူပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ (YPPDF) ၊ ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၊ ဥဩစစ်ကြောင်းနှင့် Dawei Guerrilla Revolutionary force (DGRF) တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဆင်ရေးများအား အရှိန်အဟုန် တိုးမြင့်စွာ ဆောင်ရွက်နေသည့် အချိန်ဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့် စစ်ရေးအထူး အသိ၊ သတိပြုသွားလာနေထိုင်ပေး ကြပါရန် တိုက်တွန်းထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုင်တွေ့ဆုံခွင့်ရရှိရေး သားဖြစ်သူ ကိုထိန်လင်း တောင်းဆို၊ အကျဉ်းထောင်အတွင်း၌ သေဆုံးသွားမှာ မဖြစ်စေချင်ဟု ပြော (ရုပ်သံ)

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုင်တွေ့ဆုံခွင့်ရရှိရေး သားဖြစ်သူ ကိုထိန်လင်း တောင်းဆို၊ အကျဉ်းထောင်အတွင်း၌ သေဆုံးသွားမှာ မဖြစ်စေချင်ဟု ပြော (ရုပ်သံ)

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၀ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုက်တွေ့ဆုံခွင့် ရရှိရေး သားဖြစ်သူ ကိုထိန်လင်းက တောင်းဆိုလိုက်ပြီး မိခင်ဖြစ်သူကို အကျဉ်းထောင်အတွင်း၌ သေဆုံးသွားမှာကို မဖြစ်စေချင်ကြောင်း ၎င်းက ပြောဆိုသည်။ အကြမ်းဖက်စစ်တပ် ပြောခွင့်ရ ပုဂ္ဂိုလ်က “ဒေါ်ဆောင်ဆန်းစုကြည်နေမကောင်းဘူး” ဆိုသည့် သ တင်း မှာ မှန်ကန်မှုမရှိဟု...