AA News

AA News

မောင်တောမြို့ကို ဝန်းရံပိတ်ဆို့ထားပြီး မြို့သိမ်းတိုက်ပွဲဆင်နွှဲတော့မည်ဖြစ်သဖြင့် မြို့သူမြို့သားများ မောင်တောမြို့မှ ထွက်ခွာပေးရန် ရခိုင့်တပ်တော် ထုတ်ပြန်

 

D Day News

ဇွန်လ ၁၆

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့ကို ဝန်းရံပိတ်ဆို့ထားပြီး မြို့သိမ်းတိုက်ပွဲဆင်နွှဲတော့မည်ဖြစ်သဖြင့် မြို့သူမြို့သားများ မောင်တောမြို့တွင်မှာ ထွက်ခွာပေးကြရန် ရခိုင့်တပ်တော် – AA က ထုတ်ပြန် တောင်းဆိုလိုက်သည်။

 

ယနေ့ ဇွန်လ ၁၆ ရက် ည ၉ နာရီအချိန်မှစ၍ မောင်တောမြို့သူများအနေဖြင့် အမြန်ဆုံးထွက်ခွာပေး ကြရန်နှင့် မောင်တောမြို့နေ ပြည်သူလူထုတို၏ အသက်အန္တရာယ်ကို စိုးရိမ်သောကြောင့် အလေး အနက် အသိပေးထုတ်ပြန်ခြင်းဖြစ်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲချုပ်/အာရက္ခတပ်တော်မှ ထုတ်ပြန် ထားသည်။

 

ဘင်္ဂလားပင်လယ်အော်နှင့် အပြိုင်တည်ရှိနေသော မောင်တောမြိုနယ်ရှိ စစ်ကောင်စီ၏ စခန်းများ အားလုံးနီး ပါးကို အာရက္ခတပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်၍ အပြီးသတ်သိမ်းပိုက်ထားပြီးသည့် နောက် မောင်တောမြို့နှင့် မောင်တောမြို့ပတ်ဝန်းကျင်ရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းများ အားလုံးကို ဝိုင်းရံ ပိတ်ဆို့ ဖြတ်တောက်ထားပြီးဖြစ်ကြောင်း သိရသည်။

 

စစ်ကောင်စီသည် မောင်တောမြို့အား ၎င်းတို့၏ စစ်စခန်းများ သဖွယ်အသုံးပြုပြီး မြိုပြစစ်ဆင်ရေးကို ပြုလုပ်ရန် ကြိုတင်ပြင်ဆင်ထားသည်မှာ ကာလအတန်ကြာမြင့်ခဲ့ပြီဖြစ်ပြီး အဆိုပါ လက်ကျန်စခန်း များ အားလုံးကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်တော့မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မောင်တော မြို့သူမြို့သားများအနေဖြင့် စစ်ကောင်စီ၏ လမ်းမ၊ အိမ်များအတွင်းမှ ခုခံစစ်ပြင်ထားသော နေရာ များ၊ တိုက်တာအဆောက်အအုံများပေါ်ရှိ စနိုက်ပါပစ်ရန် ပြုလုပ်ထားသောနေရာများနှင့် စစ်ကောင် စီ တပ်ဖွဲ့ဝင်များရှိရာ နေရာများတွင် အတူပူးတွဲနေထိုင်ခြင်းမျိုးမပြုလုပ်ရန် သတိပေးထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဖားကန့်မြို့နယ်၊ ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် မှုကြောင့် ကျောင်းဆရာတစ်ဦးအပါအဝင် ပြည်သူ ၁၀ ဦး ခန့်ထိခိုက် ဒဏ်ရာရ

ဖားကန့်မြို့နယ်၊ ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် မှုကြောင့် ကျောင်းဆရာတစ်ဦးအပါအဝင် ပြည်သူ ၁၀ ဦး ခန့်ထိခိုက် ဒဏ်ရာရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၉ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက် ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျောင်းဆရာ ၁ ဦးအပါအဝင် ပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်များထံက သိရသည်။ ယနေ့ စက်တင်ဘာလ ၉ ရက် နံနက်အစောပိုင်း...