Chin News

Chin News

တွန်းဇံမြို့ကို ချင်းပူးပေါင်းတပ်ဖွဲ့က ဝင်တိုက်ချိန် ထွက်ပြေးလျှင်ပစ်သတ်မည်ဟု ခြိမ်းခြောက်ထား သည့် စစ်အရာရှိများက ပထမဆုံးထွက်ပြေး (ရုပ်သံ)

 

D Day News

ဇွန်လ ၁၆

 

ချင်းပြည်နယ် တွန်းဇံမြို့သိမ်းတိုက်ပွဲတွင် လက်နက်ချထွက်ပြေးလျှင် ပစ်သတ်မည်ဟုခြိမ်းခြောက် ထားသည့် စစ်အရာရှိများက ချင်းတော်လှန်ရေးပူးပေါင်းတပ်များ လာရောက်တိုက်ခိုက်ချိန် ပထမ ဆုံးထွက်ပြေးသွားပြီး သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ ရဲတပ်ကြပ်သန်းစိုးက ပြောကြားသည်။

 

မေလ ၁၇ ရက်နေ့က တွန်းဇံမြို့သိမ်းတိုက်ပွဲအဖြစ် ချင်းအမျိုးသားတပ်မတော် (CNA) ၊ ချင်းဒေသ ကာကွယ်ရေးတပ် (CDF) ပူးပေါင်းတပ်များက ဆင်နွှဲခဲ့ရာ တပတ်ခန့်အကြာ သိမ်းပိုက်နိုင်ခဲ့ပြီး သုံ့အဖြစ်ဖမ်းဆီးရရှိသူ ရဲတပ်ကြပ်သန်းစိုးကို ပြည်သူ့ကာကွယ်ရေးတပ် (PDA) တီးတိန်က မေးမြန်း ရာတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

https://youtu.be/RuwLg3nH63A

“ချက်ချင်းလက်နက်ချဖို့ကျတော့လည်း ကျနော်တို့ အထက်မှာ ဗိုလ်မှူးတို့ဗိုလ်ကြီးတို့ရှိတယ်သူတို့က ခြိမ်းခြောက်ထားတာတွေရှိတယ်။ မင်းတို့ ထွက်ပြေးဖို့ စိတ်မကူးနဲ့ ။ကြံ(ထွက်ပြေးရန် ကြံစီ)ကြည့် သူတို့က အရင်ပစ်သတ်မှာတွေ ဘာတွေပြောတယ်”ဟု ရဲတပ်ကြပ်သန်းစိုးက ပြောကြားသည်။

 

တိုက်ပွဲဖြစ်ပွားစဉ် ရဲများမသိအောင် ထွက်ပြေးသည်မှာ အဆိုပါခြိမ်းခြောက်ထားသည့် အရာရှိ များ ဖြစ်ပြီး ၎င်းနေရာယူထားသည့် နေရာအနီးမှ ထွက်ပြေးသွားသူ စစ်သား ၁၅ ဦးခန့်ကြောင်း၊ အားလုံး က ရဲများကို ခေါ်ဆောင်ခြင်းမရှိသလို လှည့်ပင်မကြည့်ပဲ ထွက်ပြေးသွားကြောင်း သိရသည်။

 

“သူတို့က ကျီခါးကနေ လာတာဆိုတော့ အဲဒီဘက်ကိုပဲ။ တီးတိန်တို့ဘာတို့ ပြေးတာတော့ အကုန်လုံး ကြောက်အားလန့်အားနဲ့ပြေးကြတယ်။ အကုန်လုံး လူတွေကွဲသွားတယ်။ တောလမ်းကနေ ပြေးကြ တာ”ဟု ရဲတပ်ကြပ်သန်းစိုးက ပြောဆိုသည်။

 

PDA-တီးတိန်သည် ချင်းပြည်ကောင်စီနှင့် စစ်ရေး၊ နိုင်ငံရေးပူးပေါင်းဆောင်ရွက်မည်ဟု ထုတ်ပြန် ထားသည့် တပ်ဖွဲ့ဖြစ်သည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုင်တွေ့ဆုံခွင့်ရရှိရေး သားဖြစ်သူ ကိုထိန်လင်း တောင်းဆို၊ အကျဉ်းထောင်အတွင်း၌ သေဆုံးသွားမှာ မဖြစ်စေချင်ဟု ပြော (ရုပ်သံ)

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုင်တွေ့ဆုံခွင့်ရရှိရေး သားဖြစ်သူ ကိုထိန်လင်း တောင်းဆို၊ အကျဉ်းထောင်အတွင်း၌ သေဆုံးသွားမှာ မဖြစ်စေချင်ဟု ပြော (ရုပ်သံ)

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၀ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုက်တွေ့ဆုံခွင့် ရရှိရေး သားဖြစ်သူ ကိုထိန်လင်းက တောင်းဆိုလိုက်ပြီး မိခင်ဖြစ်သူကို အကျဉ်းထောင်အတွင်း၌ သေဆုံးသွားမှာကို မဖြစ်စေချင်ကြောင်း ၎င်းက ပြောဆိုသည်။ အကြမ်းဖက်စစ်တပ် ပြောခွင့်ရ ပုဂ္ဂိုလ်က “ဒေါ်ဆောင်ဆန်းစုကြည်နေမကောင်းဘူး” ဆိုသည့် သ တင်း မှာ မှန်ကန်မှုမရှိဟု...