Nat Mauk News

Nat Mauk News

လော်စပီကာဖြင့် လက်နက်ချရန် သတိပေးသော်လည်း လိုက်နာမှုမရှိသည့်စစ်သားများ မိုင်းဆွဲ တိုက် ခိုက်ခံရပြီး ၁၇ ဦး သေဆုံး (ရုပ်သံ)

 

D Day News

ဇွန်လ ၁၅

 

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ကျွန်းဘုတ်ရွာနှင့် ကျောက်ဆည်ရွာကြားတွင် မိုင်းကွင်းထဲရောက် ရှိနေသဖြင့် လက်နက်ချရန် သတိပေးသော်လည်း လိုက်နာခြင်းမရှိသည့် အကြမ်းဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၇ ဦး သေဆုံးခဲ့ကြောင်း နတ်မောက်ကျား မြို့ပြ ပြောက်ကျားတပ် ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဇွန်လ ၁၄ ရက်နေ့က အင်အား ၈၀ ခန့်ဖြင့် နတ်မောက်မြို့နယ်၊ ကျောက်ဆည်ရွာဘက်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်သားများကို ကျွန်းဘုတ်ရွာနှင့် ကျောက်ဆည်ရွာကြား မိုင်း ကွင်းထဲအရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၅ ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများကို ကျွန်းဘုတ်ရွာထဲသို့ သယ်ဆောင်စဉ် ၂ ဦးထပ်မံသေဆုံးကြောင်း သိရသည်။

https://youtu.be/aM6vJEn2zvg

“တိုက်ပွဲက စစ်ကြောင်းတစ်ခုထဲကို နှစ်နေရာမှာ ဖြစ်တာဗျ အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေး အင် အားစုနဲ့ လည်း တစ်နေရာဖြစ်သေးတယ်၊ မိုင်းကွင်းထဲမှာ ၁၅ ဦးပွဲချင်းပြီးသေတယ်၊ ဒဏ်ရာရတဲ့သူ တွေကို ကျွန်းဘုတ်ရွာထဲသယ်တာ၊ အဲလိုသယ်တဲ့အချိန်မှာလည်း ၂ ဦးသေတာတွေရှိတယ်၊ ဒဏ်ရာ ရတဲ့သူတွေလည်း တပုံကြီးလို့ မြေပြင် သတင်းအရ သိရပါတယ်၊ လက်ရှိအထိ ကျွန်းဘုတ်ရွာထဲမှာပဲ ရှိသေးတယ်” ဟု နတ်မောက်ကျား မြို့ပြပြောက် ကျားတပ်ဖွဲ့ မြေပြင်ရဲဘော် ကျားဆိုးက ပြောကြား သည်။

 

အဆိုပါ တိုက်ခိုက်မှုကို နတ်မောက်ကျား မြို့ပြပြောက်ကျားတပ်ဖွဲ့ ၊ နတ်မောက် ပကဖ ၊ မြို့သစ် ပကဖ၊ ဗိဿနိုးလက်အောက်ခံ ကျားသစ်နက်တပ်ဖွဲ့၊ ဗိဿနိုးလက်အောက်ခံ ကြိုးကြာနီအဖွဲ့၊ ၉၀၃ တပ်ရင်း တပ်ခွဲ ၁ ဂဠုန် PDF နတ်မောက်၊ ၉၀၃ တပ်ရင်း တပ်ခွဲ ၃ တိုက်ဒေါင်းတပ်ဖွဲ့ ၁၉၀၂ ၊ Aung San’s Land ၊ ငါးပြေမ ပြောက်ကျားတပ်ဖွဲ့၊ ပျော်ဘွယ်နှင့် ရမည်းသင်းတပ်ဖွဲ့များဖြစ်သည့် ပျော် ဘွယ် PDF (သာစည်တပ်ဖွဲ့) နှင့် ရမည်းသင်း ပကဖ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

 

ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် ဇွန်လ ၁၁ ရက်နေ့က ဖက်တောရေရွာကို မီးရှို့ ဖျက်ဆီး ခဲ့သည့် စစ်ကြောင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် -နမခကို ရှော့တိုက်ဒုံံးဖြင့် တိုက်ခိုက်မှု အရာရှိ ၂ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ဆီဂိုဒေါင်နှင့် အရံစက်ပစ္စည်းဂိုဒေါင်တို့ မီးလောင်ပျက်စီး (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇွန်လ ၁၆ စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် -နမခကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခဲ့ရာ...