Strike News

Strike News

ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၉ နှစ်ပြည့်မွေးနေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပန်း သပိတ် လှုပ်ရှားမှု ပြုလုပ်မည်

 

D Day News

ဇွန်လ ၁၅

 

လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောာင်ဆန်းစုကြည်၏ ၇၉ နှစ်ပြည့် မွေးနေ့ တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပန်းသပိတ်လှုပ်ရှားမှုပြုလုပ်မည်ဖြစ်ကြောင်း လူထုလှုပ်ရှားမှု အဖွဲ့အစည်းများထံမှ သိရသည်။

 

လာမည့် ဇွန်လ ၁၉ ရက်န့သည် လူထုခေါင်းဆေင် နိုင်ငံအတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ ၇၉ နှစ်ပြည့်မွေးနေ့ဖြစ်ပြီး မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ နိုင်ငံရေးအကျဉ်းသား အားလုံး၊ တော်လှန်တိုက်ပွဲဝင် လူထုတရပ်လုံးကို ဂုဏ်ပြုညွှန်းဆိုသောအားဖြင့် ပန်းသပိတ် လှုပ်ရှား မှုကို ပြည်လုံးကျွတ် ဖော်ဆောင်ကြရ် တိုက်တွန်းထားခြင်းဖြစ်သည်။

 

ထိုသို့ ပန်းသပိတ်လှုပ်ရာတွင် နှင်းဆီနီများအပါအဝင် အဆင်ပြေရာ ပန်းများကို ဘုရားပန်းကပ်ခြင်း၊ ပန်ခြင်းခြင်း၊ အလှပန်းအိုးထိုးခြင်း ၊ အပြန်အလှန် လက်ဆောင်ပေးခြင်းတို့ လုပ်ဆောင်ကာ လူမှုကွန် ယက်စာမျက်နှာပေါ်တင်ခြင်းဖြင့်လည်းကြောင်း၊ မြေပြင်လှုပ်ရှားသူများအနေဖြင့်လည်း လုံခြုံရေး၊ အသိ၊ သတိဖြင့် လှုပ်ရှားပါဝင်ကြရန် တိုက်တွန်းထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဖားကန့်မြို့နယ်၊ ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် မှုကြောင့် ကျောင်းဆရာတစ်ဦးအပါအဝင် ပြည်သူ ၁၀ ဦး ခန့်ထိခိုက် ဒဏ်ရာရ

ဖားကန့်မြို့နယ်၊ ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် မှုကြောင့် ကျောင်းဆရာတစ်ဦးအပါအဝင် ပြည်သူ ၁၀ ဦး ခန့်ထိခိုက် ဒဏ်ရာရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၉ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက် ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျောင်းဆရာ ၁ ဦးအပါအဝင် ပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်များထံက သိရသည်။ ယနေ့ စက်တင်ဘာလ ၉ ရက် နံနက်အစောပိုင်း...