AA News

မောင်တောမြို့နယ်ရှိ နခခ ၄ တပ်ရင်းဌာနချုပ်၊ အလယ်သံကျော်စခန်း၊ မောရဝတီဗျူဟာ နှင့် နခေါင်းတို စခန်းတို့ကို AA တပ်ဖွဲ့က သိမ်းပိုက်ရရှိ၊ မောရဝတီဗျူဟာမှူး ဗိုလ်မှူးကြီးတေဇာဌေး အပါအဝင် စစ်သား ၂၀၀ ကျော်သေဆုံး

 

D Day News

ဇွန်လ ၁၄

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ နခခ ၄ တပ်ရင်းဌာနချုပ်၊ အလယ်သံကျော်စခန်း၊ မောရဝတီ ဗျူဟာ နှင့် နခေါင်းတို စခန်းတို့ကို သိမ်းပိုက်ရရှိခဲ့ပြီး မောရဝတီဗျူဟာမှူး ဗိုလ်မှူး ကြီးတေဇာဌေး အပါအဝင် စစ်သား ၂၀၀ ကျော်သေဆုံးခဲ့ကြောင်း ရခိုင့်တပ်တော် -AA က ထုတ်ပြန် သည်။

 

ဇွန်လ ၁၀ ရက် နံနက် ၇ နာရီအချိန်တွင် မောင်တောမြိုနယ်အတွင်းရှိ “နခခ ၄ တပ်ရင်းဌာနချုပ်” ကို လည်းကောင်း၊ ဇွန်လ ၁၀ ရက် နံနက် ၇ နာရီ ၄၆ မိနစ်တွင် “အလယ်သံကျော်စခန်း” ကို လည်း ကောင်း၊ ဇွန်လ ၁၃ ရက် နံနက် ၇ နာရီအချိန်တွင် “မောရဝတီဗျူဟာ” ကိုလည်းကောင်း၊ ဇွန်လ ၁၃ ရက် ညနေ ၆ နာရီအချိန်တွင် “နခေါင်းတိုစခန်း” ကိုလည်းကောင်း သိမ်းပိုက်ရရှိခဲ့ကြောင်း သိရ သည်။

 

ယင်းစခန်းသိမ်းတိုက်ပွဲများအတွင်း မောရဝတီဗျူဟာမှူး ဗိုလ်မှူးကြီး- တေဇာဌေးအပါအဝင် စစ် ကောင်စီတပ်ဖွဲ့ဝင် (၂၀၀) ကျော်အား သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း ရခိုင့်တပ်တော် – AA က ထုတ်ပြန်ထားသည်။

အလားတူ မောင်တော၊ အမ်း၊ သံတွဲ မြို့များ၌ ရှိသော အကြမ်းဖက်စစ်ကောင်စီ၏ အခြားသော စခန်းများကိုလည်း ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ဇွန်လ ၁၃ ရက်နေ့က တောင်ကုတ် မြို့ နှင့် ၈ မိုင်ခန့်အကွာရှိ တောင်ကုတ်-အမ်း ကားလမ်းမပေါ်မှ “ရွှေကွမ်းစမ်း တံတား” ကို စစ် ကောင်စီမှ မိုင်းခွဲဖျက်ဆီးထားခဲ့ကြောင်း သိရသည်။

 

တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ခဲယမ်း၊ စစ်လက်နက်အသုံးအဆောင် ပစ္စည်းများကို သိမ်းဆည်းရရှိသည့်အပြင် စစ်သုံ့ပန်းအချို့ကိုလည်း ဖမ်းဆီးရရှိခဲ့ကြောင်း၊ ထို့အပြင် လက်နက်ချအညံ့မခံဘဲ ထွက်ပြေးလျက်ရှိနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲဝင်များကိုလည်း လိုက်လံရှာဖွေကာ ဆက်လက် ရှင်းလင်းလျက်ရှိကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ပွင့်ဖြူမြို့နယ် မဒဲကျေးရွာသို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်း ၂ ခုကို တိုက်ခိုက်မှု စစ်သား ၁၈ ဦးသေဆုံး ၊ အကြမ်းဖက်စစ်တပ် ပစ်ခတ်သတ်ဖြတ်ခြင်း၊ မိုင်းကွင်းဖြတ်ခိုင်းခြင်းကြောင့် ပြည်သူ အမျိုးသား ၉ ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရ

ပွင့်ဖြူမြို့နယ် မဒဲကျေးရွာသို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်း ၂ ခုကို တိုက်ခိုက်မှု စစ်သား ၁၈ ဦးသေဆုံး ၊ အကြမ်းဖက်စစ်တပ် ပစ်ခတ်သတ်ဖြတ်ခြင်း၊ မိုင်းကွင်းဖြတ်ခိုင်းခြင်းကြောင့် ပြည်သူ အမျိုးသား ၉ ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၈ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ မဒဲကျေးရွာသို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်း ၂ ခုကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ပွင့်ဖြူမြို့နယ်ပြည်သူ့ကာကွယ် ရေးအဖွဲ့ ထံမှ သိရသည်။ စက်တင်ဘာလ ၆ ရက်နေ့က ပွင့်ဖြူမြို့နယ်၊ ဝါစိုက်ပျိုး ရေးတပ်နှင့်...