Chinland News

Chinland News

မတူပီမြို့မရဲစခန်းနှင့် ထွေအုပ်ရုံးတို့ကို သိမ်းပိုက်ရရှိပြီး စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများ ဖြင့် အပြင်းအထန်ခုခံနေ

 

D Day News

ဇွန်လ ၁၄

 

ချင်းပြည်နယ်၊ မတူပီမြို့သိမ်းတိုက်ပွဲဆင်နွှဲလျက်ရှိပြီး အကြမ်းဖက်စစ်တပ်က လေကြောင်း၊ လက် နက် ကြီးများဖြင့် တရစပ်ပစ်ခတ်တိုက်ခိုက်ကာ ခုခံကာကွယ်နေကြောင်း ချင်းညီနောင် သတင်း၊ မှတ်တမ်းနှင့်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။

 

ဇွန်လ ၉ ရက်နံနက်ပိုင်း ကစတင်ပြီး မတူပီမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများကို ချင်းညီနောင် စစ်ဆင်ရေးမြို့သိမ်းတိုက်ပွဲအဖြစ်ဖော်ဆောင်လျက်ရှိရာ မတူပီမြို့ပေါ်ရှိ မြို့မရဲစခန်း နှင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ လည်းလေကြောင်း၊ လက်နက်ကြီးများဖြင့် တရပ်စပ်ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

“ချင်းညီနောင်အနေနဲ့ မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေခြင်းဖြစ်ပါတယ်၊ စစ်ဆင်ရေးပြင်ဆင်မှု စတင် ချိန် ကတည်းက စကစဘက်က လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်တာတွေ တရစပ်ပြုလုပ်ခဲ့ပြီး လက်ရှိမှာလည်း တိုက်ပွဲပြင်းထန်လျက်ရှိပါတယ်၊ တိုက်ပွဲအသေးစိတ် အခြေအနေတွေကို လိုအပ် သလို ဆက်လက် ထုတ်ပြန်သွားမှာဖြစ်ပါတယ်” ဟု ချင်းညီနောင် သတင်း၊ မှတ် တမ်းနှင့်ပြန်ကြား ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ မြို့သိမ်းတိုက်ပွဲဖော်ဆောင်မှုကို ချင်းညီနောင်စစ်ဆင်ရေးအဖွဲ့၊ Yaw Army – YA အပါအဝင် အခြားမဟာမိတ်အဖွဲ့များက ပူးပေါင်းကာ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

 

မိဘပြည်သူများအနေဖြင့် ချင်းညီနောင်စစ်ဆင်ရေးအမြန်ဆုံး အောင်မြင်နိုင်ရေးအတွက် တတ်အား သရွှေ့ပါဝင်ကူညီလှူဒါန်းကြပါရန် ချင်းညီနောင် (Chin Brotherhood)စစ်ဆင်ရေးအဖွဲ့က တိုက် တွန်း မေတ္တာရပ်ခံထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဖားကန့်မြို့နယ်၊ ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် မှုကြောင့် ကျောင်းဆရာတစ်ဦးအပါအဝင် ပြည်သူ ၁၀ ဦး ခန့်ထိခိုက် ဒဏ်ရာရ

ဖားကန့်မြို့နယ်၊ ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် မှုကြောင့် ကျောင်းဆရာတစ်ဦးအပါအဝင် ပြည်သူ ၁၀ ဦး ခန့်ထိခိုက် ဒဏ်ရာရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၉ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက် ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျောင်းဆရာ ၁ ဦးအပါအဝင် ပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်များထံက သိရသည်။ ယနေ့ စက်တင်ဘာလ ၉ ရက် နံနက်အစောပိုင်း...