TNLA News

TNLA News

လားရှိုးမြို့ကို ဝင်ရောက်တိုက်ခိုက်ခံရမည်ကြောက်ရွှံနေသောစစ်တပ်က မြို့အဝင် လမ်းပိုင်း ၃ နေရာကို ဘူဒို ဇာဖြင့် မြောင်းဖောက်ကာ လမ်းကိုဖျက်ဆီး

 

D Day News

ဇွန်လ ၁၃

 

လားရှိုးမြို့ကို တော်လှန်ရေးတပ်ဖွဲ့ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မည်ကို ကြောက်ရွှံ့နေသော အကြမ်းဖက်စစ်တပ်က မြို့အဝင် လမ်းပိုင်း ၃ နေရာကို ဘူဒိုဇာဖြင့် မြောင်းဖောက်ကာ လမ်းကို ဖျက် ဆီးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

 

ယနေ့ ဇွန်လ ၁၃ ရက်နေ့တွင် လားရှိုးမြို့မှ မိုင်းယောက်သို့ သွားသည့် လမ်းပိုင်း လားရှိုးမြို့အဝင် နေရာများဖြစ်သည့် ကောင်းဟုန်းရွာ၊ နမ့်ဖရွာနှင့် မန်နားရွာတို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ဘူဒိုဇာဖြင့်ထိုးကာ မြောင်းဖောက်ပြီး လမ်းပိုင်းကို ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ အကြမ်းဖက်စစ်ကောင်စီတပ်၏ လုပ်ရက်သည် တော်လှန်ရေးအင်အားစုများအား ဟန့်တား နိုင်ရန်ရည်ရွယ်ခြင်း ဖြစ်သော်လည်း အရပ်သားပြည်သူများသာ ထိခိုက်နစ်နာစေခဲ့ပြီး သွားလာရေး ခက်ခဲခြင်း၊ ကုန်စည်သယ်ယူပို့ဆောင်ရေး ရပ်တန့်ရခြင်းတို့နှင့် ကြုံတွေ့နေရကြောင်း သိရသည်။

 

၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ရှုံးနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်သည် တော်လှန်ရေး တပ်ဖွဲ့ များ လားရှိးမြို့အတွင်း ဝင်ရောက်တိုက်ခိုက်မည်ကို စိုးရိမ်ကြောက်လန့်၍ မြိုအဝင်လမ်းမများကို ဖြတ်တောက်နေခြင်းဖြစ်ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ပြောဆိုထား သည်။

 

အလားတူ ဇွန်လ ၁၂ ရက်နေ့ကလည်း သီပေါမြို့နယ် ကွန်စံလိတ်ရွာအထက် သီပေါ – နမ္မတူလမ်းမ ကို အကြမ်းဖက်စစ်ကောင်စီတပ်က မြေတူစက်ဖြင့် ကန့်လန့်ဖြတ် မြောင်းဖောက်ကာ လမ်းပိုင်းကို ဖျက်ဆီးခဲ့သေးသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဖားကန့်မြို့နယ်၊ ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် မှုကြောင့် ကျောင်းဆရာတစ်ဦးအပါအဝင် ပြည်သူ ၁၀ ဦး ခန့်ထိခိုက် ဒဏ်ရာရ

ဖားကန့်မြို့နယ်၊ ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် မှုကြောင့် ကျောင်းဆရာတစ်ဦးအပါအဝင် ပြည်သူ ၁၀ ဦး ခန့်ထိခိုက် ဒဏ်ရာရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၉ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက် ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျောင်းဆရာ ၁ ဦးအပါအဝင် ပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်များထံက သိရသည်။ ယနေ့ စက်တင်ဘာလ ၉ ရက် နံနက်အစောပိုင်း...