Yangon &Mandalay News

Yangon &Mandalay News

ရန်ကုန်မြို့၊ ထောက်ကြန့်ရဲစခန်းအိမ်ထောင်သည်လိုင်းခန်း၊ မော်တော်ပီကယ်ရုံးနှင့် မန္တလေးမြို့၊ စစ်တပ်အရာရှိပိုင် ဇွဲထက်ရွှေဆိုင်၊ “Pioneer Bar”တို့ကို မိုင်းခွဲတိုက်ခိုက်

 

D Day News

ဇွန်လ ၁၃

 

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်ရဲစခန်းအိမ်ထောင်သည်လိုင်းခန်း၊ မော်တော်ပီကယ်ရုံး နှင့် မန္တလေးမြို့ရှိ စစ်တပ်အရာရှိ ပိုင်ဇွဲထက်ရွှေဆိုင်၊ “Pioneer Bar” တို့ကို မိုင်းခွဲတိုက်ခိုက်ခဲ့ ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့များထံမှ သိရသည်။

 

ယမန်နေ့ ဇွန်လ ၁၂ ရက် ည ၇ နာရီ ၁၆ မိနစ်အချိန်က မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်ပေါ်ရှိ ထောက် ကြန့်ရဲစခန်း အိမ်ထောင်သည်လိုင်းခန်းနှင့် မော်တော်ပီကယ်ရုံးတို့ကို အားပြင်းသော ပဒေသာမိုင်း ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးမှုအခြေအနေအသေးစိပ်ကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ် ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူကာကွယ်ရေးအဖွဲ့ ၂ မြောက်ဥကလာပနှင့် မဟာမိတ် Yangon UG People Army တို့မှ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး မြို့ပြပြောက်ကျား ရဲဘော်များ ဘေးကင်း စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်ရှိ စစ်တပ်အရာရှိကြီးတစ်ဦးပိုင် ဇွဲထက်ရွှေဆိုင်နှင့် မဟာအောင်မြေမြို့နယ်ရှိ “Pioneer Bar”တို့ကို မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း No More Dictatorship People Defence Force – NMD ထံမှ သိရသည်။

 

ယမန်နေ့ ဇွန်လ ၁၂ ရက် မွန်းလွဲ ၂ နာရီခန့်က  ချမ်းအေးသာစံမြို့နယ် ၈၄ လမ်းနှင့် ၃၄ လမ်း ထောင့်ရှိ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်၏ သမီးနှင့် အကြမ်းဖက်စစ်ကောင်စီ အကြီး ပိုင်းများ ပိုင်ဆိုင်သော ဇွဲထက်ရွှေဆိုင်ကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် ဇွန်လ ၁၁ ရက် ည ၈ နာရီခန့်က မဟာအောင်မြေမြို့နယ်၊ ၃၅ လမ်း၊ ၅၃ လမ်းနှင့် ၅၄ လမ်းကြားရှိ အကြမ်းဖက်စစ် ကောင်စီကို အခွန်‌ငွေအများအပြား ထောက်ပံ့နေသော၊ တော်လှန်ရေး ပုံရိပ်ဖျက်နေသော“Pioneer Bar”ကို ပြည်သူများ၏ တိုင်ကြားချက်အရ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်ပြီးသည့်နောက် အကြမ်းဖက်စစ်ကောင်စီတပ်သားများက မြို့တွင်းနေရာအနှံ့တွင် အပူတပြင်း စစ်ဆေးလျက်ရှိ‌ခဲ့ပြီး “No More Dictatorship People Defence Force-NMD” ရဲဘော် များ ဘေးကင်းအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက် စစ်ကောင်စီကို သက်ဆိုးရှည်စေရန် အထောက်ကူပြုနေသော ထောက်တိုင်များကို ဆက်လက်၍ ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့်အကြမ်းဖက် စစ် ကောင်စီ ထောက်တိုင် နေရာများသို့ မသွားကြရန်နှင့် လိုက်နာမှုမရှိပါက တာဝန်ယူမည် မဟုတ် ကြောင်း အသိပေးထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
နွေဦးတော်လှန်ရေး ၄ နှစ်တာကာလအတွင်း လေကြောင်းတိုက်ခိုက်မှုအပါအဝင် စစ်အုပ်စု၏ သတ် ဖြတ်မှုကြောင့် အရပ်သားပြည်သူ ၁ သောင်း ၃ ထောင်ကျော် သေဆုံး၊ စစ်ကျွန်ခံရသည်ထက် သေရ သည်က မြတ်သည်ဟုခံယူကာ အဆုံးသတ်တိုက်ပွဲဝင်နေ

နွေဦးတော်လှန်ရေး ၄ နှစ်တာကာလအတွင်း လေကြောင်းတိုက်ခိုက်မှုအပါအဝင် စစ်အုပ်စု၏ သတ် ဖြတ်မှုကြောင့် အရပ်သားပြည်သူ ၁ သောင်း ၃ ထောင်ကျော် သေဆုံး၊ စစ်ကျွန်ခံရသည်ထက် သေရ သည်က မြတ်သည်ဟုခံယူကာ အဆုံးသတ်တိုက်ပွဲဝင်နေ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၉ နွေဦးတော်လှန်ရေး ၄ နှစ်တာကာလအတွင်း လေကြောင်းတိုက်ခိုက်မှုအပါအဝင် အကြမ်းဖက် စစ်အုပ်စု၏ သတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ ၁ သောင်း ၃ ထောင်ကျော် သေဆုံးခဲ့ပြီးဖြစ် ကြောင်း NUG ၊ အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ခုခံတွန်းလှန်စစ် ၄ နှစ်ပြည့်အစီရင်ခံစာတွင် ဖော်ပြထားသည်။...