Sagaing News

Sagaing News

စစ်ကိုင်းမြို့၊ ရွာထောင်ရပ်ကွက်ရှိ ပျူမြင့်သိန်း ပစ်ခတ်ခံရပြီးသေဆုံး

 

D Day News

ဇွန်လ ၁၂

 

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ရွာထောင်ရပ်ကွက်ရှိ အကြမ်းဖက်စစ်တပ် လက်ကိုင်တုတ် ပျူ မြင့်သိန်း ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာ သေဆုံးသွားကြောင်း Burmese Revolution Force – BRF တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဇွန်လ ၁၁ ရက် နံနက် ၈ နာရီ ၄၅ မိနစ်အချိန်က စစ်ကိုင်းမြို့၊ ရွာထောင်ရပ်ကွက်တွင် နေထိုင်သူ ပျူမြင့်သိန်းကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်ပွဲချင်းပြီးသေဆုံးပြီး တော်လှန် ရေး တပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာလာပြီးနောက် မိနစ် ၂၀ ခန့်အကြာတွင် အိုးဘိုနာရေးကားဖြင့် အလောင်းလာရောက်သယ်ဆောင်သွားကြောင်း သိရသည်။

 

“ပစ္စည်းတွေသိမ်းဆည်းခဲ့တာ၊ စခတွေနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့တာမျိုးမရှိပါဘူး။ ပျူစောထီးမြင့်သိန်းက ပြည်သူလူထုအပေါ် အကြမ်းဖက်နှိပ်စက်တာတွေရှိတယ်။ စစ်တပ်နဲ့ပေါင်းပြီး ပြည်သူတွေဖမ်းဆီး တာ မျိုးရှိတယ်၊ အဲဒါကြောင့် ဝင်ရှင်းခဲ့တာ၊ သူ့ကို ရှင်းပြီးတော့ အထိအခိုက်မရှိအောင် အမြန်ဆုတ် ခွာ လာခဲ့ပါတယ်” ဟု Burmese Revolution Force – BRF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

 

အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို Burmese Revolution Force – BRF တပ်ဖွဲ့၊ ဇေယျာကျီးမိုက် မင်းဒင် ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဖားကန့်မြို့နယ်၊ ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် မှုကြောင့် ကျောင်းဆရာတစ်ဦးအပါအဝင် ပြည်သူ ၁၀ ဦး ခန့်ထိခိုက် ဒဏ်ရာရ

ဖားကန့်မြို့နယ်၊ ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် မှုကြောင့် ကျောင်းဆရာတစ်ဦးအပါအဝင် ပြည်သူ ၁၀ ဦး ခန့်ထိခိုက် ဒဏ်ရာရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၉ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက် ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျောင်းဆရာ ၁ ဦးအပါအဝင် ပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်များထံက သိရသည်။ ယနေ့ စက်တင်ဘာလ ၉ ရက် နံနက်အစောပိုင်း...