Nattalin News

Nattalin News

နတ်တလင်းမြို့နယ်တွင် PDF တပ်ဖွဲ့သတင်းများကို ထောက်လှမ်းနေသူ စစ်သား ၁ ဦးကို ဖမ်းမိ၊ သေနတ်လု ထွက်ပြေးရန် ကြိုးစားသဖြင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံး

 

D Day News

ဇွန်လ ၁၂

 

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ် အရှေ့ခြမ်း လယ်အင်းမရွာတွင် PDF တပ်ဖွဲ့သတင်းများကို ထောက် လှမ်းနေသူ စစ်သား ၁ ဦးကို ဖမ်းမိခဲ့ပြီး သေနတ်လုထွက်ပြေးရန် ကြိုးစားသဖြင့်ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားကြောင်း သာယာဝတီခရိုင် PDF တပ်ဖွဲ့ထံမှ သိရသည်။

 

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၆ ရက် ညနေပိုင်းက နတ်တလင်းမြို့နယ်အရှေ့ခြမ်းလယ်အင်းမရွာတွင် PDF တပ်ဖွဲ့ဝင်များ၏ သတင်းကိုထောက်လှမ်းကာ အကြမ်းဖက်စစ်တပ်ထံ သတင်းပေးပို့နေသည့် ခမရ ၄၃၁ တပ်ရင်းမှ တပ်သား မောင်နိုင်ကို ဖုန်းတစ်လုံး၊ စာရွက်စာတမ်းများနှင့်အတူ ဖမ်းမိခဲ့ပြီး စစ်ဆေးနေစဉ် ကင်းစောင့်ရဲဘော်၏ သေနတ်ကို လုယူထွက်ပြေးရန် ကြိုးစားခဲ့သဖြင့် ပစ်ခတ်ဖမ်း ဆီးရာ သေဆုံးသွားကြောင်း သိရသည်။

“PDF အဖွဲ့တွေက သူတို့ကို ဖမ်းတော့ စစ်ခွေးအဖွဲ့ဘက်ထင်ပြီး ဆရာတို့အဖွဲ့ကပါ၊ မကျည်းပင် စခန်းဂိတ်ကို မေးကြည့်ပါ၊ သတင်းအမြဲပို့ပေးတဲ့သူပါဆိုပြီး ပြောတယ်၊ မကျည်းပင်ဆိုတာ စစ်ခွေး တွေတပ်စွဲထားတဲ့ဂိတ်လေ။ သူ့ဇာတိက ပဲခူးဘက်ကပဲ၊ နတ်တလင်းသူ အမျိုးသမီးတစ်ယောက်နဲ့ ညားပြီး နတ်တလင်းကို ခွင့်နဲ့ပြန်လာတာ၊ အဲဒါကို သူက ဖုံးကွယ်ပြီး တပ်ထဲက အပြီးထွက်လာတာ လို့ တာလို့ အခြားသူတွေကို ပြောထားတာ၊ နောက်ကွယ်ကနေ စစ်ခွေးတွေဆီ PDF အဖွဲ့တွေ အ ကြောင်း စုံစမ်းပြီး သတင်းပေးပို့နေတာ” ဟု သာယာဝတီခရိုင် PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

အဆိုပါ ဖမ်းဆီးမှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃၈၀၁ ၊ တပ်ခွဲ ၃ နတ်စစ်သည်တပ် ဖွဲ့မှ ဖမ်းဆီးခဲ့ဖြစ်ပြီး ဖမ်းဆီးရရှိသူ တပ်သား မောင်နိုင်၏ သတင်းပေးပို့မှုကြောင့် ဖမ်းဆီးခံရသော အပြစ်မဲ့ပြည်သူ များစွာရှိကြောင်း သိရသည်။

 

ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃၈၀၁ ၊ တပ်ခွဲ ၃ နတ်စစ်သည် တပ်ဖွဲ့အနေဖြင့် အကြမ်း ဖက်စစ်ကောင်စီထောက်တိုင်များ၊ အုပ်ချုပ်ရေးမှူးများ ၊ ပျူစောထီးများ၊ အကြမ်းဖက်စစ်ကောင်စီ တပ်သားများကို ပြတ်သားစွာ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စာသင်ကျောင်းဆောင်းများဆိုးဆိုးရွားရွားပျက်စီး

သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စာသင်ကျောင်းဆောင်းများဆိုးဆိုးရွားရွားပျက်စီး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၀ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီ တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စာသင်ဆောင်များ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ကြောင်း ပြည်သူ့ကာကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်သည်။ ယမန်နေ့ စက်တင်ဘာလ ၉ ရက် မွန်းလွဲ ၁ နာရီ ၃၀...