China Embassy News

China Embassy News

စစ်ရေးအင်အားချိနဲ့နေသည့် အကြမ်းဖက်စစ်ကောင်စီကို တရုတ်နိုင်ငံအစိုးရက ကင်းလှည့်ရေ ယာဉ် ၆ စီး တရားဝင်ထောက်ပံ့

 

D Day News

ဇွန်လ ၁၂

 

တနိုင်ငံလုံးအနှံ့စစ်ပွဲများဆင်နွှဲနေရပြီး ရခိုင်ပြည်နယ် စစ်မျက်နှာတွင် စစ်တပ်ရေယာဉ်များစွာ သိမ်း ပိုက်ဖျက်ဆီးခံနေရသဖြင့် အင်အားချိနဲ့နေသည့် အကြမ်းဖက်စစ်ကောင်စီကို တရုတ်နိုင်ငံအစိုးရ ကင်းလှည့်ရေယာဉ် ၆ စီး တရားဝင် ထောက်ပံ့ခဲ့ပေးအပ်လိုက်ကြောင်း ရန်ကုန်မြို့ရှိ တရုတ်သံရုံးက ထုတ်ပြန်သည်။

 

ယမန်နေ့ ဇွန်လ ၁၁ ရက် နေ့တွင် တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံကို ကူညီထောက်ပံ့သော ကင်း လှည့် ရေယာဥ် ၆ စီးကို ရန်ကုန်မြို့၌ အောင်မြင်စွာလွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ စီမံကိန်း သည် ၂၀၁၈ ခုနှစ် ဇွန်လတွင် မြန်မာနိုင်ငံအစိုးရက တရုတ်နိုင်ငံထံသို့ တရားဝင်အဆိုပြုခဲ့ ပြီး နှစ်ဦး နှစ်ဖက်က ၂ဝ၂၀ ပြည့်နှစ် သမ္မတ ရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း အဆိုပါစီမံ ကိန်း၏ လဲ လှယ်မှုစာလွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်း ရန်ကုန်မြို့ရှိ တရုတ်သံရုံး၏ ထုတ်ပြန် ချက်တွင် ဖော် ပြထားသည်။

တရုတ်နိုင်ငံဘက်က ဖော်ဆောင်သည့်ကုမ္ပဏီသည် ကိုဗစ် ၁၉ ကပ်ရောဂါ စသည့်အခက်အခဲများကို ကျော်လွှားကာ ရေယာဉ်များကို အချိန်မီထုတ်လုပ်ပို့ဆောင်ပေးခဲ့သည်ဟု ဆိုသည်။

 

အဆိုပါကင်းလှည့်ရေယာဥ်များသည် ရေကြောင်းပို့ဆောင်မှုဘေးကင်းရေး၊ ရေပေါ်ရှာဖွေကယ်ဆယ် ရေးနှင့် ရေအရင်းအမြစ်ကာကွယ် အသုံးချမှု လုပ်ငန်းများတွင် အသုံးချနိုင်ကြောင်း သိရသည်။

 

တရုတ်-မြန်မာ နှစ်နိုင်ငံက ယခုအကြိမ် ကင်းလှည့်ရေယာဉ်လွှဲပြောင်းခြင်းမှအစပြု၍ တရားဥပဒေ စိုးမိုးမှုစွမ်းရည် တည်ဆောက်ခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး လောင်းကစား၊ လိမ်လည်မှု၊ မူးယစ်ဆေးဝါး စသည့် နိုင်ငံဖြတ်ကျော်ပြစ်မှုကျူးလွန်မှုများကို အဆက်မပြတ် နက်ရှိုင်း စွာတိုက်ဖျက်သွားကာ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံကို မြန်မာနိုင်ငံ၌ အကောင်အထည်ဖော် ခြင်းအား တက်ကြွစွာ မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံ၏ဘုံအကျိုးစီးပွားကို ကာကွယ်စောင့် ရှောက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ တရုတ်နိုင်ငံသံရုံးက ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာရှိ စာသင်ကြားနေသော နေအိမ်ကို စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု အသက် ၁၀ နှစ်အရွယ်ကလေးတစ်ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရ

သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာရှိ စာသင်ကြားနေသော နေအိမ်ကို စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု အသက် ၁၀ နှစ်အရွယ်ကလေးတစ်ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၇ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာ၌ ကလေးငယ်များ စာသင်ကြားနေသည့် နေအိမ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၁၀ နှစ် အရွယ်ကလေးတစ်ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် -မန္တလေး တပ်ဖွဲ့ထံမှ သိရသည်။ ယနေ့ စက်တင်ဘာလ ၇...