AA News

AA News

ငဖဲမြို့နယ်တွင် ရခိုင့်တပ်တော်နှင့် အကြမ်းဖက်စစ်တပ်တို့ကြားတိုက်ပွဲ ၂ ကြိမ် ဖြစ်ပြီး စစ်သား ၁၀ ဦးသေဆုံး

 

D Day News

မတ်လ ၂၉

 

မကွေးတိုင်း၊ ငဖဲမြို့နယ်တွင် ရခိုင့်တပ်တော်နှင့် အကြမ်းဖက်စစ်တပ်တို့ကြား တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း ရခိုင့်တပ်တော် – AA က တရားဝင်ထုတ်ပြန်သည်။

 

မတ်လ ၂၆ ရက် နံနက် ၁၀ နာရီ ၄၈ မိနစ်အချိန်တွင် ငဖဲမြို့နယ်၊ တုံးကြီးကျေးရွာ၏ အရှေ့မြောက် ဘက် မီတာ ၁၅၀၀ ခန့်အကွာ၌ အကြမ်းဖက်စစ်ကောင်စီတပ်၏ အင်အား ၄၀ ခန့်ပါစစ်ကြောင်းနှင့် ရက္ခိုင့်တပ်တော်တို့ကြား မိနစ် ၃၀ ခန့်အကြာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၄ ဦး သေဆုံး သည်ကို မျက်မြင်တွေ့ ရှိရကာ ၈ ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အလားတူ မတ်လ ၂၈ ရက် နံနက် ၈ နာရီ ၅၈ မိနစ်အချိန်တွင် ငဖဲမြို့နယ်၊ ချောင်းဖျားရွာ၏ တောင် ဘက် မီတာ ၇၀၀ ခန့်အကွာတောင်ကြော၌ အင်အား ၅၀ ဦးခန့်ပါ အကြမ်းဖက်စစ်တပ် စစ်ကြောင်း နှင့် ရက္ခိုင့်တပ်တော်တို့ မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၆ ဦးသေဆုံးသည်ကို မျက်မြင်တွေ့ရှိရကာ ဒဏ်ရာရရှိသူ ၁၀ ဦးခန့်ရှိခဲ့ကြောင်း၊ယင်း တိုက်ပွဲအတွင်း စစ်သားများထံမှ လက်နက်နှင့်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း ရခိုင့်တပ်တော် – က ထုတ်ပြန်ထား သည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
TNLA News

TNLA News

နောင်ချိုမြိုနယ်ရှိ ကျေးရွာ(၇)ရွာတွင် တိုက်ပွဲဖြစ်နေပြီး စစ်တပ်က ဓာတုအဆိပ်ဗုံးများပါ အသုံးပြု တိုက်ခိုက်နေ   သံလွင်မြန်မာသတင်း ဇွန်လ ၂၁   ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်းရှိ ကျေးရွာ ၇ ရွာတွင် တိုက်ပွဲဖြစ်နေပြီး စစ်တပ်က ဓာတုအဆိပ်ဗုံးများပါ အသုံးပြုတိုက်ခိုက်နေကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ် ပြန်သည်။...