Yangon News

Yangon News

မြောက်ဥက္ကလာပမြို့နယ်၊ ကျောက်ရေတွင်းဂုံးတံတားအောက်ရှိ ယာဉ်ထိန်းရဲရုံးကို ဗုံးခွဲတိုက်ခိုက်မှု ရဲ ၂ ဦးဒဏ်ရာရ

 

D Day News

ဇွန်လ ၁၁

 

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ ကျောက်ရေတွင်း ဂုံးတံတားအောက်ရှိ ယာဉ်ထိန်းရဲရုံးကို ဗုံးခွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ယာဉ်ထိန်းရဲ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့ ဇွန်လ ၁၁ ရက် ည ၈ နာရီ ၅ မိနစ်အချိန်က မြောက်ဥက္ကလာပမြို့နယ်၊ ကျောက်ရေတွင်း ဂုံးတံတားအောက်ရှိ စိန်ပန်းမြိုင် ရဲရိပ်သာ ယာဉ်ထိန်းရဲရုံးကို ပြင်းအားမြင့် မိုင်း ၂ လုံးဖြင့်ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ယာဉ်ထိန်းရဲ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထို့သို့ မိုင်းခွဲ တိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်သား၊ ရဲများ ရောက်ရှိလာပြီး လမ်းပိတ်ဆို့စစ် ဆေးမှုများ လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြောက်ဥကလာပမြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့ – ပကဖ မှ တိုက်ခိုက်ခဲ့ ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဘေးကင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။

 

ယခု စစ်ဆင်ရေးကို  ၁၉ ရက်နေ့တွင် ကျရောက်မည် လူထုခေါင်းဆောင်အတွက် ငုံမခံဘူး တုံပြန်နေ မည် သံမဏီနှင်းဆီ စစ်ဆင်ရေးအဖြစ် ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ က ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာရှိ စာသင်ကြားနေသော နေအိမ်ကို စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု အသက် ၁၀ နှစ်အရွယ်ကလေးတစ်ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရ

သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာရှိ စာသင်ကြားနေသော နေအိမ်ကို စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု အသက် ၁၀ နှစ်အရွယ်ကလေးတစ်ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၇ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာ၌ ကလေးငယ်များ စာသင်ကြားနေသည့် နေအိမ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၁၀ နှစ် အရွယ်ကလေးတစ်ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် -မန္တလေး တပ်ဖွဲ့ထံမှ သိရသည်။ ယနေ့ စက်တင်ဘာလ ၇...